အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာရောက်ရောက် ပျော်ရွှင်နေစေချင်သည့် အဓိပ္ပာယ်ဆောင်ပါသည်။ သူ့ကိုတော့ဖြင့် အထိအရှ ကင်းစေချင်သည်။ သူကိုတော့ဖြင့် ပျော်ရွှင်စေချင်ပါသည်။
.....
အဝါရောင်ကျူးလစ်ပန်းစည်းလေးက ပိုင်ရှင်ဆီမရောက်လိုက်ဘဲ ရူဘီ့ကားပေါ်ပြန်ပါလာခဲ့သည်။ သူနဲ့ ပုံစံတူ ဝက်ဝံရုပ်ရော။
ထိုပန်းစည်းနဲ့ ဝက်ဝံရုပ်ကို ရူဘီကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ထိုပန်းစည်းနဲ့ အရုပ်ဟာ လီဆာရဲ့ graduation အတွက် ဂုဏ်ပြုပန်းစည်းနဲ့ အရုပ်ဖြစ်ပေမယ့် ရူဘီ မပေးခဲ့မိ။
တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ထားတဲ့ ထိုပစ္စည်းတွေက ရူဘီလက်ထဲပြန်ပါလာတာက
လီဆာ့ကို အမျိုးသားတစ်ယောက်က ပန်းစည်းပေးလိုက်တာကို မြင်လိုက်တဲ့ အတွက်ကြောင့်တဲ့လေ။ ထိုအချိန်ခဏအတွင်းမှာ ရူဘီဘာဖြစ်သွားမှန်းတောင် မသိလိုက်။'ငါရူးသွားတာလား'
ရူဘီက အရာရာတိုင်းကို လျစ်လျူရှု့တတ်တဲ့
လူတစ်ယောက်ပဲ။
'ငါခုရက်ပိုင်း ခရီးပင်ပန်းပြီး အိပ်ရေးပျက်တာများလို့ ဖြစ်သွားတာ ဟုတ်တယ် အဲ့တာကြောင့်မလို့ ပန်းစည်းနဲ့ အရုပ်ပေးမပေးမိတာနေမှာ'ထိုကဲ့သို့ တွေးလိုက်မှ ရူဘီ အဆင်ပြေသွားသည်။
သို့ပေမယ့် ဂုဏ်ပြုလက်ဆောင် တစ်ခုခုတော့ ပေးရမှာပဲ။
ခုချိန်မှ ဒီပန်းစည်းနဲ့ အရုပ်ကို သွားပေးလို့လဲ
မကောင်း။ရူဘီ လီဆာ့ကို ဂုဏ်ပြုညစားလိုက်ကျွေးလိုက်မည်ဟုသာ ဆုံးဖြတ်လိုက်ပါသည်။
ရူဘီရဲ့ graduation တုန်းက ဂျီဆူး သည်
ရူဘီကို ဒေစီပန်းစည်းနဲ့ congratulations လုပ်ပေးဖူးတာ ရူဘီ သွားအမှတ်ရမိပါသည်။
ရူဘီရဲ့ အမှတ်တရ တော်တော်များများမှာ ထိုအမျိုးသမီးက ပါဝင်နေခဲ့သည်ပဲ။.....
လီဆာရဲ့ graduation အတွက် မမရူဘီလာဖို့သာ မျှော်လင့်ခဲ့ပေမယ့် မမရူဘီက လီဆာကို ညစာဝယ်ကျွေးမယ်ဆိုတဲ့ မက်ဆ့ခ်ျကြောင့် လီဆာ ပျော်ရသည်။ ဒီလိုကျတော့ မမရူဘီက သူ့ကို ပျော်အောင်လုပ်တတ်ပါသည်လေ။
YOU ARE READING
just strangers with memories
Fanfictionမမရူဘီကို မချစ်ခဲ့မိရင် ကောင်းမယ်။ မမရူဘီ လီလီ့ကို ဘယ်တုန်းကမှမချစ်ခဲ့သလိုမျိုး။ ပြီးတော့ မမနဲ့မဆုံတွေ့ခဲ့ရရင် ပိုကောင်းမယ်။ -လီဆာ- သူ့ကို သာမန်တွေ့ဆုံမှုမျိုးနဲ့တွေ့ဆုံခွင့်ရဖို့ အကြိမ်ကြိမ်ဆုတောင်းခဲ့ဖူးတယ်။ ပြီးတော့ ကျွန်မဟာ ဒယ်ဒီသမီးအဖြစ် မမ...