သူ့ကိုတော့ဖြင့် ဘဝတစ်လျှောက်လုံးမှာ
အထိအရှမရှိဘဲ
အမြဲကျန်းမာပျော်ရွှင်နေစေချင်ပါသည်။အကယ်၍ဖြစ်နိုင်မယ်ဆိုရင်
အဝါရောင်ပန်းလှလှလေးတွေ ပွင့်တဲ့ရာသီမှာ မမပုခုံးပေါ်ခေါင်းမီပြီး ပန်းဝါဝါလေးတွေကို အတူတူငေးကြည့်ချင်သည်။ကျူးလစ်ပန်းတွေပွင့်တဲ့ရာသီရောက်ရင်လည်း
Amsterdam မှာကျင်းပတဲ့ ကျူးလစ်ပန်းခူးပွဲကို သွားပြီး မမနဲ့အတူတူ ကျူးလစ်ပန်းတွေခူးချင်သည်။အပြာရောင်တွေသဘောကျတတ်တဲ့ မမနဲ့အတူ
ပင်လယ်တွေဆီ ခရီးထွက်ချင်တယ်။ဒါတွေဟာ လီဆာတစ်ယောက်တည်းရဲ့ ဆန္ဒတွေရယ်ပါ။
ပျော်စရာကောင်းတာတွေရော
ကြည်နူးစရာကာင်းတာတွေရော
ခက်ခဲတာတွေ ဝမ်းနည်းတာတွေ
မမနဲ့အတူ မျှဝေချင်သည်။ပြီးတော့ မမရူဘီရဲ့ အပြုံးတွေပဲမြင်တွေ့ခွင့်ရချင်သည်။
ဒီစိတ်ကူးတွေဟာ အချစ်ဆိုရင်
လီဆာ မမရူဘီကို ချစ်မိနေပြီဖြစ်သည်။....
မမရူဘီ ဂျီဆူးနဲ့ ညစာသွားစားတယ်ဆိုတဲ့နေ့ကတည်းက လီဆာ မမရူဘီနဲ့ အိမ်မှာရော အလုပ်မှာရော မဆုံမိအောင်အတတ်နိုင်ဆုံးရှောင်သည်။
ခုက ကုမ္ပဏီတစ်ခုတည်းမှာ
အလုပ်လုပ်နေသည့်အတွက် မမရူဘီနဲ့ မတွေ့အောင်ရှောင်လည်း တည့်တည့်ကိုဆုံနေရတာပါပဲ။အရင်ကဆို မမရူဘီနဲ့ မဆုံဆုံအောင် ဖန်တီးပြီး မမရူဘီနားကို အကြောင်းမရှိအကြောင်းရှာ စကားတွေပြောတတ်တာ လီဆာပါပဲ။
ကားနောက်ခန်းမှာ ထိုင်ပြီး မမရူဘီအိပ်ပျော်နေတာကို ငေးရတာ လီဆာကြိုက်သည်။
မမနဲ့အတူတူ အလုပ်သွားရတာတွေ
မမနဲ့အတူတူ ညစာစားရတာတွေလီဆာ က်ြုက်သည်။ မမအနားရောက်သွားရင်ကို လီဆာ လုံခြုံသလိုခံစားရသည်။ကိုယ်တိုင် ကားမောင်းပြီး အလုပ်လာတာ တစ်ပတ်ကျော်ပြီမလို့ လီဆာ မမရူဘီကို လွမ်းနေရသည်။
သူ့ကို မဆုံမိအောင်ရှောင်နေပေမယ့်လေ။လူ့စိတ်ကလည်းရယ်စရာပဲနော်
တစ်အိမ်တည်းနေပြီး တစ်ကုမ္ပဏီတည်း အလုပ်တူတူလုပ်နေရတဲ့သူကိုမှ အချိန်တိုင်းလွမ်းနေရတယ်လို့။
လီဆာ ဒုဥက္ကဌရာထူးကို တန်းရသွားတော့
လူတွေရဲ့ အမြင်အမျိုးမျိုးကို လက်ခံရသည်။
ကြိုဆိုသူလည်းရှိသလို မနာလိုသူတွေလဲ ရှိနေတတ်တာ သဘာဝပဲမလား။
YOU ARE READING
just strangers with memories
Fanficမမရူဘီကို မချစ်ခဲ့မိရင် ကောင်းမယ်။ မမရူဘီ လီလီ့ကို ဘယ်တုန်းကမှမချစ်ခဲ့သလိုမျိုး။ ပြီးတော့ မမနဲ့မဆုံတွေ့ခဲ့ရရင် ပိုကောင်းမယ်။ -လီဆာ- သူ့ကို သာမန်တွေ့ဆုံမှုမျိုးနဲ့တွေ့ဆုံခွင့်ရဖို့ အကြိမ်ကြိမ်ဆုတောင်းခဲ့ဖူးတယ်။ ပြီးတော့ ကျွန်မဟာ ဒယ်ဒီသမီးအဖြစ် မမ...