03

339 59 7
                                    

လူတစ်ယောက်အချစ်ခံချင်တယ်ဆိုတာ
ကိုယ်အချစ်ခံချင်တဲ့လူဆီက ရတဲ့ချစ်ခြင်းမေတ္တာကိုဆိုလိုတာလေ။

.......

တိတ်ဆိတ်နေတဲ့‌အိမ်ကြီးထဲမှာ နေရတာ လီဆာ ပျင်းလည်းပျင်သလို အထီးလည်းကျန်သည်။

ကျောင်းဖွင့်ရက်တွေဆို ကျောင်းမှာပဲ အချိန်ကုန်တာများတာမလို့ အခုလိုကျောင်းပိတ်ရက်မျိုးဆို
လီဆာ ပိုအထီးကျန်သည်။

မာမီနဲ့ဒယ်ဒီရှိတုန်းကဆို ပိတ်ရက်တိုင်း
မိသားစုအချိန်ဖြုန်းကာ လည်ပတ်စားသောက်နေကျလေ။
အဲ့ဒီအချိန်တွေကို လီဆာ သတိရမိသည်။
ကိုးရီးယားကိုရောက်တာ မ‌ကြာသေးတာမလို့
သူငယ်ချင်းလည်းမရှိ။
အရာရာဟာ လီဆာအတွက်ခက်ခဲပါသည်။

ထိုင်းမှာနေခဲ့ဖို့ စဉ်းစားခဲ့ဖူးပေမယ့်
လီဆာ့မှာ မိသားစုဆိုလို့ မမရူဘီတစ်ယောက်တည်းရှိတော့တာမလား ။

မမရူဘီနဲ့ခွဲမနေချင်ပါ။ သွေးသားမတော်စပ်ဘူးဆိုပေမယ့် လီဆာ့အတွက်တော့ မမရူဘီက တစ်ဦးတည်းသော မိသားစုပင်ဖြစ်ပါသည်။

......

တိတ်ဆိတ်နေတဲ့ ညစာ စားပွဲတစ်ခုဟာလည်း ခြောက်ကပ်လျက်။

မမရူဘီနဲ့ လီဆာက မျက်နှာချင်းဆိုင်
ညစာစားနေကြတာ ဖြစ်ပေမယ့်
စကားတစ်ခွန်းမျှမပြောဖြစ်ကြ။
ကိုးရီးယားကို ရောက်ကတည်းက
မမရူဘီနဲ့ ထမင်းလက်ဆုံစားတာ အခုက ပထမဆုံးအကြိမ်သာဖြစ်သည်။

မမရူဘီနဲ့ ရင်နှီးအောင်နေချင်ပေမယ့်
အမြဲခပ်ချေချေနေတတ်တဲ့ မမရူဘီရဲ့ မျက်နှာထားကြောင့် လီဆာစကားစပြောဖို့တောင်ရှိန်နေမိသည်။
အခုလည်း လီဆာကသာ သူ့ကို ခဏခဏခိုးကြည့်နေမိပေမယ့် သူကတော့ သူ့ရှေ့မှာ လီဆာ ရှိနေသည်ဟုပင် ထင်ပုံမရပါ။

ပန်းကန်ထဲကစားလက်စကိုပင် ထပ်စားချင်စိတ်မရှိတော့‌ပါ။
အစားအသောက် အနေအထိုင်ကအစ လီဆာအခုထိ နေသားမကျသေး။

"စားလို့ပြီးသွားပြီမလို့ စာသွားလုပ်လိုက်ဦးမယ် မမရူဘီ"

လီဆာထိုကဲ့သို့ ပြောပြီးတာနဲ့ ထိုင်နေတဲ့ထိုင်ခုံကနေထဖို့ပြင်လိုက်တဲ့အချိန် မမရူဘီက လီဆာကို တစ်ချက်မော့ကြည့်လာပြီး

just strangers with memories Where stories live. Discover now