09

657 74 14
                                    

သူ့ရယ်သံလွင်လွင်လေးတွေ နားထောင်ခွင့်ရဖို့
လီဆာ ဘာပဲလုပ်ရလုပ်ရ ဘာတွေနဲ့ပဲလဲရလဲရ
ရယူပေးချင်မိသည်

.....

အချိန်တိကျတတ်တဲ့ မမရူဘီက မနက်စာစားဖို့အတွက်လည်း ဆင်းမလာသလို
အလုပ်သွားခါနီးထိကို ဆင်းမလာတာကြောင့် လီဆာ မမရူဘီအခန်းရှိတဲ့ အပေါ်ထပ်ကို တက်လာခဲ့သည်။
အခန်းတံခါးကို ခေါက်ပြီး ဖွင့်ကြည့်လိုက်တဲ့အခါ မြင်ရတဲ့ မြင်ကွင်းက လီဆာရဲ့ အမြင်အာရုံတွေကို ဝေဝါးသွားစေရသည်။

ကုတင်ခြေရင်းမှာ လဲကျနေတဲ့ မမရူဘီသည်
‌တစ်ကိုယ်လုံးချွေးတွေရွှဲကာ မေ့မြောနေသည်။
လီဆာ မမရူဘီရဲ့ ကိုယ်လုံးလေးကို ပွေ့ချီလိုက်ပြီး
လှုပ်နှိုးနေသော်လည်း နိုးမလာပါ။

ခေါင်းထဲမှာလည်း ဗလာဖြစ်နေသလို ဘာလုပ်ရမလဲ မတွေးတတ်တော့။
အသိစိတ်ကို စုစည်းလိုက်ပြီး အရေးပေါ်ကားကို အမြန်ခေါ်ကာ ‌‌မမရူဘီကို ဆေးရုံတင်လိုက်ရသည်။

ဆေးပိုက်တန်းလန်းတွေနဲ့ ကုတင်ပေါ်မှာ မေ့မြောနေတဲ့ မမရူဘီက ခုထိနိုးမလာသေး။
ဆရာဝန်က စိတ်ပူစရာမလိုခဏနေနိုးလာလိမ့်မယ်လို့ ပြောခဲ့ပေမယ့် လီဆာ စိတ်မအေးနိုင်။

မမရူဘီရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ ဆုတောင်းနေတာကလွဲလို့မတတ်နိုင်။

‌ဆရာဝန်က သီသန့်တွေ့ချင်တယ်ပြောလို့ လီဆာ ဆရာဝန်ဆီရောက်လာခဲ့သည်။

"လူနာက စိတ်ဖိစီးမှုတွေ များသွားလို့ ရုတ်တရက်ဖြစ်သွားရတာ ။ ဒီရက်ပိုင်းတွင်း လူနာက အိပ်ချိန်စားချိန်တွေလည်း ပုံမှန်ဖြစ်ပုံမရဘူး။ ဒါတွေကို လူနာရှင်သိရဲ့လား "

"ဟုတ် အလုပ်ကြောင့် စိတ်ဖိစီးမှုတွေ များသွားတာထင်တယ် ။ အိပ်ချိန်ကတော့  ...."

"ခုကတော့ စိုးရိမ်စရာမရှိတော့ပါဘူး ခဏနေသတိပြန်လည်လာလိမ့်မယ်။ နောက်ထပ်ဒီလိုထပ်ဖြစ်ရင်တော့ မကောင်းဘူးပေါ့ လူနာကို သေချာဂရုစိုက်ပေးလိုက်ပါ။"

"ဟုတ်ကဲ့ ဒေါက်တာ ကျွန်မဂရုစိုက်လိုက်ပါ့မယ်။"

......

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

just strangers with memories Where stories live. Discover now