07

381 60 5
                                    

အချစ်ဆိုတာ ဘာလဲ?

မျက်လုံးလေးတွေ မှဲ့လေးတွေ ပါးဖောင်းလေးတွေ
ဆံနွယ်လေးတွေ မျက်တောင်သွယ်သွယ်လေးတွေ ပြီးတော့ နှာခေါင်းလုံးလုံးလေး။

ထိုင်းက ပြန်ရောက်လာပြီး တစ်ပတ်အကြာ
ကုမ္ပဏီမှာ လီဆာ အလုပ်ဝင်ရသည်။

မမရူဘီက ဒုဥက္ကဌရာထူးနေရာမှာ အလုပ်ဝင်ခိုင်းသော်လည်း လီဆာ အလုပ်အကြောင်းကို နားမလည်သေးတာကြောင့် အလုပ်သင်ဝန်ထမ်းအဖြစ်အရင်လုပ်ကြည့်ဖို့ မမရူဘီကို ပြောကာ အလုပ်သင်သာမန်ဝန်ထမ်းအဖြစ်
အလုပ်လုပ်နေတာ တစ်ပတ်တိတိရှိပြီဖြစ်သည်။

ထိုတစ်ပတ်အတွင်းမှာ ကိုးရီးယားမှာ ကားမမောင်းရဲသေးဘူးဟုဆိုတာ မမရူဘီနဲ့ အတူတူအလုပ်သွားသည်။ အလုပ်ဆင်းချိန်ကတော့ မမရူဘီက နောက်ကျတတ်သည်မလို့ လီဆာတစ်ယောက်တည်းပြန်ဖြစ်တာများသည်။

လီဆာတို့ J's area clothing company က တောင်ကိုးရီးယားမှာ ထိပ်တန်းဝင်ကုမ္ပဏီတစ်ခုပင်။
လီဆာသည် အလုပ်သင်တစ်ယောက်အနေနဲ့ စီနီယာအစ်မရဲ့
အလုပ်ခွဲဝေသင်ပြမှုတွေလေ့လာရသည်။

လီဆာက လူမှုဆက်ဆံရေးကောင်းသူတစ်ယောက်မလို့ အလုပ်ဝင်တဲ့ တစ်ပတ်အတွင်းမှာ သူငယ်ချင်းတွေ ရနေပြီဖြစ်သည်။

တချို့ကလီဆာရဲ့ အတင်းတွေ ပြောနေကြတာကိုလည်း လီဆာပြန်ကြားရပါသည်။
တချို့ကလည်း လီဆာက တိတ်တိတ်ပုန်းသမီး
မယားပါသမီး စသည်ဖြင့် ထင်ကြေးပြောကြသည်။
သွေးသားမတော်စပ်တဲ့ နောက်အိမ်ထောင်ရဲ့သမီးက
အမွေတစ်ဝက်ရခဲ့တာဆိုတော့ မနာလိုတဲ့ လူတွေလည်းများသည်။
အဆိုးဆုံးကြားရတဲ့ သတင်းကတော့ လီဆာအမေရဲ့ မြူစွယ်မှုကြောင့် မမရူဘီတို့ရဲ့ မိသားစု‌ပြိုကွဲခဲ့တာတဲ့လေ ပြီးတော့ မမရူဘီရဲ့ မာမီက လီဆာတို့ သားအမိကြောင့် ဆုံးသွားခဲ့တာတဲ့။
ထိုအကြောင်းတွေသာ အမှန်တွေဆို လီဆာ မမရူဘီကို ဘယ်လိုမျက်နှာပြရမယ်မသိ။

ဒီနေ့တော့ မမရူဘီက အလုပ်စောဆင်းတာကြောင့်
လီဆာနဲ့အတူတူ အိမ်ပြန်ဖြစ်သည်။
ဒီရက်ပိုင်းတွေမှာ နှင်းတအားကျပြီး အအေးပိုသည်။
မိုးလေဝသခန့်မှန်းချက်အရတော့ နောက်နှစ်ရက်လည်း အအေးပိုလိမ့်မည်တဲ့။
ကားနောက်ခန်းမှာ အတူတူစီးလာတာဖြစ်ပေမယ့် တိတ်ဆိတ်ငြိမ်သက်နေသည်။

just strangers with memories Where stories live. Discover now