Unicode...
Dark ( Or ) မုဆိုးဖို
Part - 4
သူမ မဟာ၏အခန်းထဲမှထွက်သွားသည်...
သူမအိပ်ခန်းထဲပြန်ရောက်သော် ငိုမိသည်..." အဟင့်...အဖေရယ်...သမီးဒီဘဝကြီးထဲမရှင်သန်ချင်တော့ဘူး...သေချင်မိတယ်....အဟင့်...
အီးးးးဟီးးးး😭😭😭"ဒေါ်ကြွယ်ချက်ပြုတ်နေရင်း
" သခင်လေး ထမင်းဆာလို့လား..."
" မဟုတ်ပါဘူး...ကျနော် အပြင်ခဏသွားမလို့ပါ..."
" ဟုတ်ကဲ့..."
" ဟိုကလေးမလေးကိုခဏလောက်သွားခေါ်ပေး...အစေခံအားလုံးပါခေါ်လာခဲ့..."
" ဟုတ်ကဲ့သခင်လေး..."
လေပြေနှင့်အစေခံအားလုံးမဟာရှေ့တွင်ရပ်နေလေသည်...
" မင်းတို့အားလုံးကို မှာစရာရှိတယ်..."
" ဟုတ်ကဲ့သခင်လေး..."
" လေပြေညှင်းက ငါ့မိန်းမ မဟုတ်တဲ့အတွက်
မင်းတို့နဲ့တန်းတူ ဘဲ ဒါကြောင့်လိုအပ်တာ ရှိရင်
ငါ့မျက်နှာကြည့်စရာမလိုဘူးခိုင်း..."လေပြေမျက်နှာညိုးသွားရသည် ဟုတ်ပါသည်လေး သူမကိုငွေဖြင့်ဝယ်ခဲ့တာဘဲမဟုတ်ပါလား
" ဟုတ်ကဲ့ သခင်လေး..."
နှင်းမြသည်...
" လေပြေညှင်းငါဗိုက်အောင့်နေလို့ နင် ဒီပန်းအိုးလေးရွှေ့ပေးပါလား..."
" အင်း..."
နှင်းမြတံခါးနောက်နေ၍
" ဟွန့်...အသစ်ဆိုပြီးညှာမယ်မထင်နဲ့ ဒီ့ထက်
ခိုင်းဦးမှာ..."လေပြေသည်ပန်းအိုးများကို မ လေသည်...ပန်းအိုးကအရမ်းလေးသည်မို့သူမခါးတောင်နာလာသည် သို့သော်လဲ ထမင်းတစ်ပန်ကန်စားဖို့အရေးသူမထပ်ပင်ပန်းရပြန်သည်...မဟာအပြင်ထွက်သွားပြီး အအေးဆိုင်ထဲဝင်သွားသော်. .
" အို့...မဟာမဟုတ်လား...ငါဒေဝီလေး..."
" ဪ ဒေဝီနွယ်..."
" ဟုတ်တယ်...ငါတို့ ပြန်တွေ့မယ်လို့တောင်မထင်ထားဘူး...ဘယ်တုန်းကပြန်ရောက်နေတာလဲ..."