Unicode...
Dark ( or )မုဆိုးဖို
Final Part
" ဘာလို့ချော်နေတာလဲ...ခုဏကအကောင်းကြီး
ပါ..."စိတ်ထဲဘာမှမထားဘဲသူမဆက်လျှောက်သော်
တောတော်ချော်လာသည့်အတွက်ကြောင့်အရှိန်
မထိန်းနိုင်ဘဲပစ်လဲလေတော့သည့်..." အာ့........"
အိမ်သာအရှေ့အော်သံကြားသောကြောင့်
ဒေါ်ကြွယ်သည်အပြေးလာပြီးကြည့်သော်
ရင်ထိပ်သွားရသည်..." သမီး..."
ဟုတ်ပါသည်လေပြေ၏အောက်ပိုင်းတွင်သွေးစိမ်းများဆင်းနေသည်
" ကြီးးကြ ကြွယ်...သမီးအရမ်းမူးတယ်..."
" သမီးအားတင်းထားနော...ကြားလား...
သမီးးလေပြေ..."လေပြေသည်ပျော့ခွေလို့နေသည်...
ဒေါ်ကြွယ်သည် မဟာထံဖုန်းဆက်ပြီးလေပြေအကြောင်းပြောပြလေသည်..." ဘာ..."
အစည်းအဝေးတွင် Share ဝင်များ မဟာကို
ကြောင်၍ကြည့်နေလေသည်..." ကဲအားလုံးဘဲ အစည်းအဝေးကို မင်းသူကဘဲဆက်ပြီးပြောသွားမှာပါ..."
မဟာသည် ချက်ချင်းပြန်ထွက်လာပြီးအိမ်သို့ပြန်လာလေသည်...
" သခင်လေး...သမီးလေပြေကိုခေါ်လို့မရဘူး
ဖြစ်နေတယ်..."" ဆေးရုံကားခေါ်လေးဗျာ...ဟာဗျာ...ကြာတယ်
အခုချက်ချင်း ဆေးရုံသွားမယ်..."မဟာသည် မေ့မျောနေသည့်ဇနီးလေးကိုပွေ့ချီကာ ဆေးရုံသို့သွားလေသည်...
" babe...babe...သတိရပါတော့ကွာ..."
သွေးတွေကအဆင်းမရပ်ခဲ့ပါ...
ကံကြမ္မာက သူတို့ဘက်မှာရှိနေပါ့မလားနော...
အခုလိုလေပြေသွေးဆင်းပုံထောက်လျှင်
သေချာပါသည်...သူ့သွေးသားလုံးဝကိုပျက်ဆီးသွားပြီးသို့သော်...သိပ်ချစ်ရသည့်သူမလေးကိုတော့အဆုံးရှုံးမခံနိုင်ပါ...မဟာသည်လေပြေကို အဆင့်မြင့်ဆေးရုံသို့ခေါ်သွားလေသည်..." D.r ကျနော့်ဇနီးကိုကယ်ပေးပါဦးဗျာနော...
D.rတို့တောင်းသလောက်ကျနော်ပေးပါ့မယ်..."