Unicode...
Dark ( or ) မုဆိုးဖို
Part - 9
" အခုမဖြေနိုင်သေးပေမဲ့ ကို နောက်ဖြေနိုင်အောင်ကြိုးစားမှာပါ...ကို့အမှားတွေမင်းအပေါ်
အများကြီးဘဲ...ခွင့်လွှတ်ပေးဖို့မတောင်းဆိုပါဘူး..."လေပြေနှလုံးသားထဲနာကျင်ရသည်...မဟာကသူ့အမှားကိုထောက်ပြလေသူမရင်ထဲနာလေလေပင်...နာပေမဲ့သူမ မဟာကို အနည်းငယ်
ခံစားစေချင်သည်...
မနက်ပိုင်းသို့ရောက်သော် လေပြေသည် အိပ်နေသော မဟာမျက်နှာလေးကို ကြည့်ပြီး...စိတ်ထဲမှ( ရုပ်နဲ့မလိုက်အောင်ဘဲ ရှင်ကျမအပေါ်ရက်စက်
လွန်းတယ် ဦးနေဝန်းမဟာ...)လေပြေသည် မဟာ၏လည်ပင်းကိုညှစ်ရန်ပြင်နေချိန်ခေါင်းခါကာ..
( ဟအင့်မဟုတ်ဘူး...အချိန်မတန်သေးဘူး...
ဟုတ်တယ်အချိန်နည်းနည်းလိုနေသေးတယ်)မဟာနိုးလာသော်
" Babe နိုးနေတာကြာပြီးလား..."
" ဟုတ်ဘူး...ညကအရမ်းကြိုက်တာဘဲသိလား"
မဟာ၏ရင်ဘတ်ကိုလက်ညိုးဖြင့်ထိတွေ့ကာချွဲ ပြန်သည်...မဟာသည်သဘောကျစွာ ပြုံးလိုက်လေသည်...
" အင်းပါ...ဒီလိုကြတော့လဲ Babe ကအရမ်း
ချစ်ဖို့ကောင်းရောဘဲ...☺☺"" တကယ်လား..."
" တကယ်ပေါ့ အရမ်းချစ်ဖို့ကောင်းတာ..."
" ချစ်ဖို့ကောင်းတယ်ဆိုရင် လေပြေတစ်ခုတောင်းဆိုချင်တယ်...ရလား..."
" အင်း...ပြောလေး...ကိုဖြည့်ဆည်းပေးမယ်..."
" ဒါဆို ဦးရဲ့ အခန်းထဲမှာ ချိတ်ဆွဲထားတဲ့
ဦးရဲ့ မိန်းမ ပုံတွေကို ပစ်လိုက်..."" ဘာ...ဘာပြောလိုက်တာလဲမင်း..."
" တောင်းပန်ပါတယ် ဦး...လေပြေ စကားပြော
မှားသွားပြီး..."" တော်ပြီးကွာ...Company သွားရမယ်...မနက်စာပြင်ထားပေး..."
" ဟုတ်ကဲ့..."
" နေဦး...ဒီနေ့ကစပြီး ငါ့ဝေယျာဝေ့စဘဲမင်းလုပ်ရမယ်..."
" ဟုတ် ဦး..."