Unicode...
Dark ( or ) မုဆိုးဖို
Part - 12
သူမရှက်သွားပြီးမျက်စောင်းထိုးသည့်ပုံစံက
အသည်းယားစဖွယ်ပင်..." ကဲ သွားရအောင်လေး..."
" ဟုတ်ဦး..."
လေပြေသည် မဟာခေါ်သွားသည့်နေရာကိုမသိဘဲ လိုက်သွားလေသည်... သေချာတာတော့ သဘာဝအလှကသူမ၏စိတ်ကိုအေးချမ်းစေပါသည်...
" ငေးလှချည်းလား Babe..."
" ဟုတ်ဦး...တောင်တန်းစိမ်းစိမ်းလေးတွေက
လေပြေရင်ထဲကိုအေးမြစေတယ်လေး😊😊"" ဟုတ်လား...ဒါဆိုကိုကရော...☺☺"
လေပြေသည် မဟာကို ကြည့်ပြီး အသက်မဲ့စွာပြုံးရင်း
" နည်းနည်းပေါ့...အရင်ကလေး ဦးကကြောက်
စရာမကောင်းတော့ဘူး..."" အရင်ကတယ်ဘဲ ကိုကကြောက်စရာကောင်းခဲ့တာလား..."
" ဟုတ် ဦး ဦးရဲ့အရှေ့ကိုတောင်လေပြေအသက်ရှူမရဲဘူး...ကြောက်လို့..."
" အခုရော..."
" အခုက ဦးကိုကျားရိုင်းလို့ထင်ထားခဲ့ပေမဲ့
ကျားရိုင်းမဟုတ်ဘဲ ကျားပေါက်လေးဖြစ်နေ
တာချစ်စရာလေး..."မဟာ အသံမထွက်ဘဲရယ်မိသည်...
" ဒါနဲ့ဦးဘယ်သွားနေတာလဲ..."
" ရောက်ရင်သိရမှာပေါ့ကွာ..."
မဟာနှင့်လေပြေထွက်လာခဲ့သည်မှာ အိမ်နှင့်
အရမ်းဝေးကွာခဲ့ပြီးဖြစ်သည်...
ဒေဝီသည် အိပ်ရာမှထသော် မဟာကို မတွေ့သောကြောင့်..." လက်ပံ...နင့်သခင်လေးရော..."
" သခင်လေးက လေပြေနဲ့မနက်အစောကြီးကတည်းကထွက်သွားကြတယ်...ဘယ်ကို
သွားမှာလဲလို့မေးတော့ဘာမှမပြောဘူးမမလေး"" စောက်ကောင်မ...ငါ့အပိုင်ကို မြူစွယ်နေတယ်..."
" ဟုတ်ပါ့ မမလေး အဲ့ကောင်မကိုမှတ်လောက်
သားလောက်အောင်လုပ်ပစ်လိုက်ပါ..."" မပူနဲ့လုပ်ကိုလုပ်ဦးမှာ...ငါအားတဲ့တစ်နေ့အဲ့ကောင်မကို လုပ်ပစ်ဦးမယ်..."