Dark ( or ) မုဆိုးဖို

2.9K 45 1
                                    

Unicode...

Dark ( Or ) မုဆိုးဖို

                             Part - 2

" Gun ပါလား...သေချာဂရုစိုက်နော...ဒီတစ်ခေါက်က လုံးဝအန္တာရယ်ရှိတယ်သူတို့ဘက်ကလက်နက်အင်အားများတယ်..."

" ဟုတ်ကဲ့ Boss..."

တစ်ဖက်တွင် ဒေါ်မေခင်ဦးပြန်လာသည်...လေပြေသည်...ဒဏ်ရာကြောင့်အဖျားပို၍တက်လေသည်...

" ဟဲ့ကောင်မအခုထိမထသေးဘူးလား..."

ဖဲရှုံးနေသည့်အတွက် လိုက်၍မဲလေတော့သည်...

" နေမကောင်းလို့ပါအမေ..."

" ညည်းသေလိုက်တော့...နေမကောင်းကအခုထိမပျောက်သေးဘူးလား..."

" အမေရယ်...ထိပ်ထားသမီးကိုရေနွေးပူပူနဲ့
ကျောကိုလောင်းတာလေး...သမီးဘယ်လို
နေရမလဲ..."

" ညည်းအသုံးမကျလို့ပေါ့သွားအခုချက်ချင်းအလုပ်သွားလုပ်ချည်...ငါပိုက်ဆံလိုတယ်..."

" အမေရယ်တစ်ရက်လောက်လေးဘဲ ပေးနားပါလား...သမီးလှုပ်လို့တောင်မရလို့ပါ...တောင်းပန်ပါတယ်..."

သူမစိတ်ရင်းဖြင့်ပြောနေသောလဲ ဒေါ်ခင်မေဦးကလက်ခံမည်မဟုတ် လိုနေတာတောင်းပန်မှုမဟုတ် ငွေသာဖြစ်သည်💵💵💵

" ညည်းမသွားဘူးလား...မသွားရင် ဒီခြံထဲကနေထွက်သွား..."

"မလုပ်ပါနဲ့အမေရယ်...😭😭သမီးအလုပ်သွားပါ့မယ် ဒီကနေထွက်သွားရင်နေစရာမရှိလို့ပါ
တောင်းပန်ပါတယ် 😭😭😭"

သူမ မျက်ရည်များအလုံးလိုက်ကျရသည်...ဒီခြံလေးကိုသူမခင်တွယ်သည် ဖခင်ရှိတုန်းကသာယာလှသည့်ခြံလေး ယခုတော့ပူလောင်လွန်းလှသည်...သူမ ဒဏ်ရာကိုဆေးလိမ်းဖို့ရန်လဲဆေးကမရှိ အပူလောင်သည့်အရသာက
ဘယ်လိုခံရလဲဆိုတာ ခံဖူးသူတိုင်းသိမြင်ထင်သည်...တော်ပါသေးရဲ့ အတွင်းခံနေရာတော့လွတ်နေခဲ့သည်...ဒါကြောင့်သူမအတွင်းခံခပ်နွမ်းနွမ်းဝတ်လေသည်...အတွင်းခံကအတော်လေးငယ်နေပြီးလေး...သူမ🍒သီးများလျှံထွက်နေသည်...အရှက်အကြောက်က ရှေ့ခေတ်လူသားမလေးဟုထင်ရသည်...သူမတစ်ကိုယ်လုံးကောက်ကြောင်းကဘယ်လိုဆိုတာ မည်သူမျှမသိရပါ...ခပ်ပွပွအဝတ်အထည်များသာဝတ်သည်..ဒါတောင်သနားသည့်လူများကပေးလို့ဝတ်ရသည်...သူမအနေနှင့်ဝယ်မဝတ်နိုင်ပါအလုပ်သာလုပ်နေသည်ထမင်းတောင်နပ်မမှန်ပေ...ဘဝကြီးကိုတွေးကာ အလုပ်ကိုသွားရင်လမ်းတွင်ငုတ်စိုက်နှင့်သူမငိုမိသည်...
တစ်ဖက်တွင် မဟာသည် ကာစီနိုရုံသို့ရောက်ပြီးဖြစ်သည်...တရုတ်များနှင့်အလုပ်လုပ်ရသည်...
တရုတ်စကားပြန်သည်

Dark ( or ) မုဆိုးဖို Where stories live. Discover now