Part (2)U/Z

15 2 0
                                    

Unicode

ယူချန်းအိမ်ယာ၏ အဆင့်မြင့် ဇိမ်ခံvillaကြီးတွင်

  "ပျင်းတယ်လို့..."

အသံချိုချိုလေးဟာ အီတလီက နာမည်ကြီးဒီဇိုင်နာ ဖန်တီးထားသော ခပ်အိအိဆိုဖာကြီးထဲမှ ထွက်လာခဲ့သည်။ဆိုဖာကြီးထဲသို့နှစ်ဝင်နေသည့်ကောင်လေး၏ခြေထောက်၌လည်း ပတ်တီးစည်းထားသေး၏။လက်ချောင်း​​ဖြူသွယ်သွယ်တို့ဟာ မဟူရာရောင်ကာဗာ တပ်ဆင်ထားသည့်ဖုန်းလေးကိုင်လျက်။ကျားရုပ်ဖုန်းကီးချိန်းဟာလည်း လေထဲလွှင့်လျက်နေ၏။

   "အိမ်တော်ထိန်းကြီး... ဒီကိုလာပါအုံး..ကျွန်တော်ပြောစရာရှိလို့..."

ကောင်လေးခေါ်လိုက်တော့ အလုပ်သမားတွေကိုကြီးကြပ်နေသည့် အသက်လေးဆယ်အရွယ် အိမ်တော်ထိန်းကြီး မှာ အနားရောက်လာပြီး နူးညံ့သောလေသံဖြင့်

   "ဘာပြောချင်လို့ပါလဲ သခင်လေး.."

    "ကျွန်တော် အပြင်သွားမလို့..ဒါရိုင်ဘာကို ကားအဆင်သင့်ပြင်ခိုင်းထားပါ..."

  "သခင်လေးခြေထောက်က မကောင်းသေးဘူးလေ..ပြီးတော့ ဥက္ကဌကလဲ သခင်လေးကို အိမ်မှာသေချာအနားယူခိုင်းထားတာ..."

  "ခြေထောက်ကဒဏ်ရာက သက်သာနေပါပြီ..မနာတော့ဘူး..ဒါနဲ့ ကျွန်တော်အပြင်ထွက်တာကို hyung ကိုမပြောရဘူးနော် အိမ်တော်ထိန်းကြီး..... ကျွန်တော်အဝတ်သွားလဲချည်အုံးမယ်.."

ပြောပြီးအခန်းထံသွားလေတဲ့ သခင်လေး။ဥက္ကဌကိုဖုံးကွယ်လို့မရဘူးဆိုတာ သခင်လေးမေ့နေတာများလား..။သူမပြောရင်တောင် ဥက္ကဌထံသတင်းပို့မည့်သူတွေရှိ၏။

အဝတ်စားလဲပြီးနောက်ကားပါကင်သို့ဆင်းလာရာ ဒါရိုင်ဘာကအသင့်စောင့်နေသည်။ကောင်လေးသည် ဒါရိုင်ဘာလက်ထဲရှိကားသော့ကိုယူလိုက်ပြီး

   "မင်းလိုက်စရာမလိုဘူး...နေခဲ့.."

ပြောပြီးနောက် ကားမောင်းမည့်နေရာတွင်ဝင်ထိုင်၍စက်နိုးကာ ယူချန်အိမ်ယာမှမောင်းထွက်ခဲ့သည်။

ကျန်ခဲ့သည့် ဒါရိုင်ဘာမှာတော့ သူ၏သခင်လေးဘယ်တုန်းက ကားမောင်းသင်လိုက်သည်ကို မတွေးနိုင်ဖြစ်နေသည်။ဥက္ကဌများသင်ပေးထားတာလား။

 ဝတ္ထုထဲသို့ ဗီလိန်အဖြစ် ကူးပြောင်းခံရခြင်းWhere stories live. Discover now