Unicode
"jungkookie..."
jin hyung နှင့်စကားပြောနေစဥ် အနောက်ကနေ Taehyung hyung ၏ခေါ်သံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်မိရာ
"hyungie..."
နှစ်လကြာမတွေ့ဖြစ်သော Taehyung hyung ကိုမြင်လိုက်ရသည်နှင့် jungkook ပျော်ရွှင်သွားရသည်။
ပင်ပန်းနွမ်းနှယ်နေသော်လည်း ထိုအမျိုးသား၏မျက်ဝန်းညိုများမှာ စူးရဲတောက်ပနေဆဲဖြစ်၏။ပိရိသေသပ်သောနှုတ်ခမ်းတစ်စုံ၌ အပြုံးရေးရေးဟာ ထွက်ပေါ်လျက်ရှိတယ်။နက်ပြာရောင်suitကိုဝတ်ဆင်ထားပြီး ရွှေကိုင်းမျက်မှန်အား တပ်ထားပုံက K-dramaထဲက ဇာတ်လိုက်မင်းသားတွေကဲ့သို့ လွန်စွာလိုက်ဖက်လှ၏။taehyung ထိုလူသားငယ်ကို မြင်လိုက်ရသည်နှင့် အပြုံးတစ်ပွင့်က ချက်ချင်းထွက်ပေါ်လာသည်။သူ ထိုလူသားငယ်ကို လွမ်းနေခဲ့ရသည်မဟုတ်ပါလား။ယခင်အချိန်တွေတုန်းက သူခရီးသွားလျှင် ဖုန်းဆက်ကာ လက်ဆောင်မှာတတ်သူက ယခုတော့ဖြင့် အကြီးဆုံးအစ်ကို ၏ဆိုင်၌သာ အာရုံရောက်နေပြီး သူ့ထံသို့ဖုန်းလေးတစ်ခါပင် ဆက်မလာခဲ့ချေ။
"ပြန်ရောက်ပြီလား ငယ်ငယ်.."
"ဟုတ်ကဲ့ အကြီးဆုံးအစ်ကို.. "
"Taehyung hyung... jin hyung လုပ်တဲ့ ကိတ်လေးမြည်းကြည့်ပါအုံး..စားလို့ကောင်းတယ်.. "
"မင်းလေးကြိုက်ရင် အကြီးဆုံးအစ်ကို ကို ထပ်လုပ်ခိုင်းလိုက်လို့ရတယ်..သူလုပ်ပေးလိမ့်မယ်..."
မျက်နှာတည်ကြီးဖြင့်ပြောလာသော ငယ်ငယ့် စကားကြောင့် jin အံသြသွားရသည်။သူ၏အေးစက်စက်ညီလေးက တစ်စုံတစ်ယောက်အားအလိုလိုက်သည်ကို သူ့ဘဝ၌မမြင်ဖူးခဲ့ပေ။သို့သော် ဒီလေသံဖြင့် jungkookie ကိုပြောတာကြားလိုက်ရပြီးနောက် အကြီးဆုံးသခင်လေး၏ အတွေးများနက်ရှိုင်းသွားရပြီ။ထို့နောက်တွင် အကြီးဆုံးသခင်လေး ၏ Jungkook အား ကြည့်သောအကြည့်များသည် သူ၏အနာဂတ်ယောက်ဖငယ်လေးအား ကြည့်သောအကြည့်များအဖြစ်ပြောင်းလဲလာတော့သည်။
"လက်ဆောင်မတောင်းတော့ဘူးလား.."
"တောင်းမှာ...jin hyung ကျွန်တော်ပြန်တော့မယ်နော်..."
YOU ARE READING
ဝတ္ထုထဲသို့ ဗီလိန်အဖြစ် ကူးပြောင်းခံရခြင်း
Fanfictionဗီလိန်လေးအဖြစ်ဝတ္ထုထဲသို့ ကူးပြောင်းခံလိုက်ရသည့် Jungkookဟာ ဝတ္ထုထဲကkimtaehyung၏ ဖူးဖူးမှုတ်အလိုလိုက်ခြင်းကိုခံရပြီးနောက် ချစ်သူဖြစ်သွားချိန်၌ တကယ့်လက်တွေ့ကမ္ဘာကို ပြန်ရောက်သွားသောအခါ....