Part(5)U/Z

14 1 0
                                    

Unicode

စင်မြှင့်ထက် lisa တစ်ကိုယ်တော်ဖျော် ဖြေနေသောအချိန်တွင် ကျန်အဖွဲ့ဝင်များမှာ နားနေခန်းထဲ၌ ခေတ္တအနားယူလျက်ရှိ၏။မန်နေဂျာရောက်လာပြီး မိတ်ကပ်ပြန်ပြင်နေသည့် jennie နားကပ်ကာ စကားပြောလာသည်။ထိုစကားကြာတော့ NiNi ပျော်သွားကာ

   "သူတကယ်လာတယ်ပေါ့..ကျေးဇူးပါ oppa..."

မန်နေဂျာပြန်ထွက်သွားပြီးနောက်တွင် မိတ်ကပ်ဆရာမအား လက်ပြ၍ပြောလိုက်တယ်။

  "အဆင်ပြေပါပြီ.."

ထို့နောက်ထရပ်၍နားနေခန်းထဲမှထွက်ရန်ပြင်စဥ် မိတ်ကပ်ပြင်နေဆဲ jisoo eunni ကမေးလာခဲ့သည်။

   "ဘယ်သွားမလို့လဲ..NiNi.. "

  "ဟို..အသိတစ်ယောက်လာလို့ သွားနှုတ်ဆက်မလို့ပါ eunni.. ခနပါပဲ.."

ပြောပြီး မန်နေဂျာ ထိုလူသားအတွက်စီစဥ်ပေးထားသည့် VIPခံုတန်းသို့ထွက်လာခဲ့သည်။

ထိုနေရာရောက်တော့တွေ့လိုက်ရပါပြီ၊ထိုလူသားကို။ဝိုင်နီရောင်Suit က ထိုလူသားကိုယ်ပေါ်၌ တွန့်ကျေရာတစ်ခုလေးတောင်မရှိပဲ နေ၏။

နက်မှောင်သောဆံနွယ်တို့အားဆီလူး၍နဖူးပြေပြေပေါ်အောင် ပင့်တင်လို့ထားသည်။ခြေတံရှည်တွေကိုချိတ်ကာထိုင်နေပုံက ဆူညံနေသည့်နေရာမှာထိုင်နေသည်မဟုတ်ဘဲ meeting room၌ထိုင်နေပုံနှင့်အတူ ကျောပြင်ကျယ်ဟာခပ်မတ်မတ်။သူမ ထိုလူသားအနီးသွား၍အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လိုက်ပါတယ်။

  "tae oppa... "

  "jennie... "

   "အွန်း...NiNi တို့ရဲ့ ဖျော်ဖြေပွဲကိုမအားတဲ့ကြားက လာကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နော်..."

Kim jennie ၏စကားကိုသူလက်ခံသည့်အနေဖြင့် ခေါင်းညိမ့်ပြလိုက်တယ်။ထို့နောက်

"ကိစ္စမရှိပါဘူး..ကိုယ်လဲ လူတစ်ယောက်ကိုလာခေါ်ရင်း လာဖြစ်သွားတာ.."

tae oppa လာခေါ်သည့်လူဟာ တော်တော်အရေးကြီးသူဖြစ်ရမည် ဟုတွေးလျက်

"oppa tae ကဘယ်သူ့ကို လာခေါ်တာလဲဟင်.."

"ကိုယ့်ညီပါ..."

 ဝတ္ထုထဲသို့ ဗီလိန်အဖြစ် ကူးပြောင်းခံရခြင်းWhere stories live. Discover now