Unicode
"Bright moon ကိုမောင်း..ပြီးတော့ အဲကွန်းလျှော့လိုက်...."
"ဟုတ်ကဲ့ ဥက္ကဌ... "
ကားပေါ်ရောက်ပြီးမကြာ ပင်ပန်းမှုကြောင့် အိပ်ပျော်သွားသည့် လူဆိုးလေးကြောင့် ကားအဲကွန်းလျှော့ခိုင်းလိုက်တယ်။ သိမ်းထားသည့် အနွေးစောင်ပါးလေးကိုထုတ်၍ခြုံပေးလိုက်ပြီးနောက် အလုပ်လုပ်ရန် laptop ကို အာရုံပြန်စိုက်လိုက်၏။
မကြာမီပင် ကားဟာ Brightmoon Restaurant ရှေ့၌ရပ်တန့်သွားသည်။taehyung ကားထဲမှထွက်ကာ အိပ်ပျော်နေသည့် လူဆိုးလေးအားမနိုးစေရန် ပွေ့ချီလိုက်ပြီးနောက် အတွင်းရေးမှူး Park ကို ဆိုင်တံခါးဖွင့်ခိုင်းရန်ပြင်စဥ်..ဆိုင်ထဲမှ တာဝန်ခံမန်နေဂျာပြေးထွက်လာပြီး အသံကျယ်ကျယ်ဖြင့် ဦးညွှတ်နှုတ်ဆက်လာတယ်။
"ဥက္ကဌKim လာမယ်ဆိုလို့ကျွန်တော်စောင့်နေတာပါ..ကြွပါ..ဥက္ကဌKim.. "
"ကျေးဇူးပြုပြီး အသံလေးတိုးပေးလို့ရမလား..သခင်လေးအိပ်နေလို့ပါ..."
အတွင်းရေးမှူး Parkသည် သူ့ဥက္ကဌ၏ အေးစက်စက်မျက်နှာကိုမြင်လိုက်ရချိန် တာဝန်ခံမန်နေဂျာအား အသံတိုးရန် ဝင်၍သတိပေးလိုက်မိတော့သည်။ထိုအခါ..တာဝန်ခံမန်နေဂျာမှာ အသံတိုးတိုးလေးဖြင့်
"ကျွန်တော်တောင်းပန်ပါတယ်.."
Brightmoon Restaurant သည် Kim Crop ၏လက်အောက်တွင်ရှိ၏။ထို့ကြောင့်ဥက္ကဌKim လာမည်ဆိုသည်နဲ့ ဆိုင်ရှိ အထူးသီးသန့်ခန်းကို သေချာစီစဥ်ပေး ထားလေသည်။
အထူးသီးသန့်ခန်းထဲတွင် အစားအသာက်လာချသည့်ဝန်ထမ်းများမှာ ဥက္ကဌKim ရင်ခွင်ထဲ၌အိပ်ပျော်နေသောကောင်လေးမနိုးစေရန် တိုးတိုးတိတ်တိတ် ညင်ညင်သာသာလှုပ်ရှားလျက်ရှိ၏။
taehyung နာရီကိုကြည့်လိုက်ကာ လူဆိုးလေးအားနိုးရန်ပြင်လိုက်သည်။
"jungkookie ထတော့..ညစာစားရအောင်.."
"အင်းးးးး V hyung..ညရောက်ပြီလား..."
jungkook မှာ ညင်သာလှသည့် V hyung၏နိုးသံကြောင့် သူဝတ္ထုထဲသို့ရောက်နေသည်ဆိုတာကိုမေ့သွားကာ V hyung ဟု အိပ်ချင်မူးတူးဖြင့် ခေါ်လိုက်မိတော့သည်။
YOU ARE READING
ဝတ္ထုထဲသို့ ဗီလိန်အဖြစ် ကူးပြောင်းခံရခြင်း
Fanfictionဗီလိန်လေးအဖြစ်ဝတ္ထုထဲသို့ ကူးပြောင်းခံလိုက်ရသည့် Jungkookဟာ ဝတ္ထုထဲကkimtaehyung၏ ဖူးဖူးမှုတ်အလိုလိုက်ခြင်းကိုခံရပြီးနောက် ချစ်သူဖြစ်သွားချိန်၌ တကယ့်လက်တွေ့ကမ္ဘာကို ပြန်ရောက်သွားသောအခါ....