Unicode
နာရီဝက်ခန့်ကြာပြီးနောက် ဟွာဒုံအိမ်ယာရှိ Kim အိမ်တော်သို့ရောက်ရှိလာသည်။ကြီးကျယ်ခမ်းနားလှပကာ တော်ဝင်ဆန်သောKimအိမ်တော်ကြီးဟာ ည၏ နီယွန်မီးရောင်အောက်၌ ပြိုင်ဘက်ကင်း တည်ရှိလျက်ရှိတယ်။K နိုင်ငံ၏အချမ်းသာဆုံးသူနေသည့် အိမ်ဟုမပြောရ။jungkook ကားပြင်ဘက်ထွက်လိုက်သည်နှင့် ညလေအေးတသုတ်ကရိုတ်ခတ်လာရာ ကြက်သီးမွှေးညှင်းလေးတွေပင် ေထာင်ထကုန်တော့၏။ဟူဒီအပါးလေးသာဝတ်ဆင်ထားသောကြောင့်တုန်သွားစဥ် အနွေးဓာတ်နွေးနွေးနှင့်သူရင်းနှီးနေသည့် ကိုယ်သင်းရနံ့ဖျော့ဖျော့ပါရှိသည့် အဝတ်သည် သူ့ကိုယ်ပေါ်သို့ရောက်ရှိလာတယ်။taehyung hyung ကိုကြည့်လိုက်မိတော့ အပေါ်ကုတ်မရှိတော့တာကိုတွေ့လိုက်ရသည်။
"အိမ်ထဲဝင်မယ်...အေးနေပြီမဟုတ်လား..."
"ဟုတ်....ဝင်ကြမယ်..."
မီးရောင်တွေလင်းထိန်နေသည့်အိမ်တော်ထဲမှ လူတစ်ယောက်ထွက်လာကာထိုလူ၏လက်ထဲ၌လည်း တဘက်တစ်ထည်နဲ့။
"ပြန်ရောက်လာပါပြီလား သခင်လေးkim...ကျွန်တော် ညစာပြင်လိုက်ရမလား..."
ထိုလူမှာ taehyung ၏အိမ်တော်ထိန်းးကြီးပင်။
"တော်ပြီ...lemon teaတစ်ခွက်ဖျော်ပေး...jungkook ကိုယ့်နောက်လိုက်ခဲ့.."
"ဟုတ်ကဲ့ hyung... "
Jungkook အိမ်တော်ထိန်းကြီးကိုအပြုံးတစ်ပွင့်ဖြင့်နှုတ်ဆက်လိုက်ရင်း taehyung hyung နောက်လိုက်လာခဲ့သည်။
Kim အိမ်တော်ထဲရောက်သည်နှင့် တတိယထပ်သို့သွားရန် ဓာတ်လှေကားထဲဝင်ကြသည်။လှေကားမှ တစ်ခါတစ်ရံသာ တက်ဖြစ်၏။တတိယထပ်တစ်ထပ်လုံးဟာ taehyung ၏အိပ်ခန်းဖြစ်တယ်။jungkook ကတော့ shipper မမ၏ရေးသားနိုင်မှုကို လက်ဖျားခါမိတယ်။taehyung hyung ၏ပိုင်ဆိုင်မှုတွေကိုရေးသားထားတာများ မိမိုက်နေတာပဲ။jungkook တတိယထပ်တစ်ထပ်လုံးကို ဟိုဒီသွားကာ စပ်စုပြီးနောက်တွင်
"hyung ကျွန်တော်ဘယ်အခန်းမှာအိပ်ရမှာလဲ.."
"မင်းလေး ကြိုက်တဲ့အခန်းမှာအိပ်လို့ရတယ်.."
တတိယထပ်တွင် master bedroomတစ်ခန်းနှင့် second bedroom သုံးခန်းရှိလေသည်။gym roomနှင့်တွဲရက် ရေကူးကန်လည်းရှိသေး၏။
YOU ARE READING
ဝတ္ထုထဲသို့ ဗီလိန်အဖြစ် ကူးပြောင်းခံရခြင်း
Fanfictionဗီလိန်လေးအဖြစ်ဝတ္ထုထဲသို့ ကူးပြောင်းခံလိုက်ရသည့် Jungkookဟာ ဝတ္ထုထဲကkimtaehyung၏ ဖူးဖူးမှုတ်အလိုလိုက်ခြင်းကိုခံရပြီးနောက် ချစ်သူဖြစ်သွားချိန်၌ တကယ့်လက်တွေ့ကမ္ဘာကို ပြန်ရောက်သွားသောအခါ....