Part (8)U/Z

15 1 0
                                    


Unicode

jungkook အိပ်ယာမှနိုးလာချိန်၌ နေ့လည်ပင်ရောက်ရှိနေခဲ့ပြီ။ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲဝင်၍ ရေချိုးသန့်ရှင်းလိုက်တယ်။ထို့နောက် ဓာတ်လှေကားဖြင့် ပထမထပ်သို့ဆင်းခဲ့စဥ် ရင်းနှီးနေသည့် jin hyung ၏အသံကိုကြားလိုက်ရတော့ ခြေလှမ်းများရပ်တန့်သွားသည်။သူနားကြားမှားတာများလား။ဒါပေမဲ့ jin hyung ၏ပြိုင်ဘက်ကင်းရယ်သံ​ကြီးကိုကြားလိုက်ရသော် သူနားကြားမှားမှန်းမဟုတ်တာကိုသိရတယ်။

ထမင်းစားခန်းတွင် Kim အိမ်တော်၏အကြီးဆုံးသခင်လေးရောက်နေ၏။အကြီးဆုံးသခင်လေးမှာ နာမည်ကြီး စားဖိုမှူးတစ်ယောက်ဖြစ်သည်။Kim အိမ်တော်ပိုင်ဆိုင်သည့် လုပ်ငန်းများစွာထဲမှ စားသောက်ကုန် လုပ်ငန်းကိုဦးစီးလုပ်ကိုင်နေသည်မှာ ယခုဆို RJ အမည်ရှိစားသောက်ကုန်တံဆိပ်များမှာ အိမ်နီးချင်းနိုင်ငံအများအပြားသို့ ဝင်ရောက်ထိုးဖောက်နေပြီဖြစ်တယ်။

အကြီးဆုံးသခင်လေးမှာ သူ၏အေးစက်စက်ညီအငယ်ဆုံးထံ အချိုမုန့်များလာပို့စဥ် ထမင်းစားခန်းထဲဝင်လာသည့် ကောင်လေးကြောင့် လှုပ်ရှားမှုများရပ်တန့်သွားသည်။

  "မင်းက..??.."

တကယ်တော့ ဝတ္ထုထဲရှိjungkook၏ဇာတ်ကောင်မှာ Kimအိမ်တော်၏သခင်လေးသုံးယောက်အနက် တတိယသခင်လေး Kim taehyung နဲ့သာ ရင်းနှီးသူဖြစ်ပြီး ကျန်သခင်လေးများမှာ Jungkook ကိုမမြင်ဘူးပေ။

  "ကျွန်တော့်နာမည်က Jeon jungkook ပါ.. တွေ့ရတာဝမ်းသာပါတယ် Jin hyung... "

   "မင်းက ကိုယ့်နာမည်ကိုသိတယ်..???.."

အကြီးဆုံးသခင်လေးဖြစ်သော Kim soekjin မှာ မျက်ခုံးပင့်လျက် ရှေ့ရှိကောင်လေးကိုမေးလိုက်တယ်။မျက်ဝန်းများဟာ တရားခံစစ်သလို စူးရှလို့နေသည်။လက်ထဲရှိ မုန့်ပန်းကန်ကိုချလိုက်ပြီး တစ်ရှူးဖြင့်လက်သုတ်လိုက်သည်။

  "အကြီးဆုံးသခင်လေးပြောတဲ့ ပစ္စည်းကဒီမှာပါ...သခင်လေးJeon နိုးပြီပဲ....သခင်လေးနိုးလာရင်စားဖို့ သခင်လေးKimက မနက်စာလုပ်ပေးသွားပါတယ်..."

အိမ်တော်ထိန်းကြီးသည် အကြီးဆုံးသခင်လေးတောင်းသည့် ပစ္စည်းယူပြီးထမင်းစားခန်းထဲပြန်လာတော့ သခင်လေးJeon ကိုတွေ့လိုက်ရပြီးနောက် ပြောလိုက်တယ်။

 ဝတ္ထုထဲသို့ ဗီလိန်အဖြစ် ကူးပြောင်းခံရခြင်းWhere stories live. Discover now