chapter 2

192 6 0
                                    

unicode version

မနက်ပိုင်း၏ ကုန်လွန်တော့မည့်အချိန်တွင် နွေသက်ခြူး နိုးလာခဲ့သည်။ သူမရုတ်တရက် လှုပ်ရှားမိသဖြင့် ညာဘက်လက်ဖမိုးမှ စူးရှသောနာကျင်မှု အနည်းငယ်ထွက်ပေါ်လာ၏ ။ ဆေးသွင်းမထားတော့သော်လည်း ဝါဂွမ်းစများက ဖြူလွှသောသူမ၏ လက်ဖမိုးကို အုပ်ကာထားသည်။

ပတ်ဝန်းကျင်ကို ကြည့်လျှင် အိမ်ပြန်ရောက်နေပြီမှန်း သူမသိခဲ့သည်။ သို့သော် မည်ကဲ့သို့ ပြန်ရောက်ခဲ့သည်ကို မမှတ်မိပေ။ တွေးလည်းမတွေးချင်တော့၍ မကိုက်တော့သည့်ခေါင်းကို စောင်နှင့်တစ်ဖန်လွှမ်းခြုံကာ ပြန်အိပ်ဖို့ ကြိုးစားတော့သည်။

" ထပြီဆိုလည်း ဆန်ပြုတ်လာသောက်! "

"......"
အသံကြောင့် သူမချက်ချင်းလန့်ထလာသည်။
အခန်းတံခါးဝတွင် ဘယ်ချိန်ကမှန်းမသိ လက်ပိုက်ကာ သူမကို သူရပ်ကြည့်နေသည်ကို တွေ့လျှင်
သေရော ခုနက သူမလူးလိမ့်နေသည်ကို သူများတွေ့သွားရောလား ဟုပင် ဆက်မတွေးရဲတော့ပေ။

ရဲသက်မျိုး က အပျင်းထူသည့် လူကိုလုံးဝကြည့်မရမှန်း သူမအရှင်းသိ၏။ သူမတက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေတုန်းဆိုလျှင် မနက်အစောထခိုင်းပြီး ညသန်းခေါင်မှ အိပ်ယာဝင်ခိုင်းကာ တစ်နေ့တာ သူမ၏အချိန်ဇယား မှန်သမျှကို သူစီစဥ်သည်။ ယုတ်စွအဆုံး အိမ်သာတက်ချိန်ကိုပင် သူသတ်မှတ်သည့် အချိန်ထက်မပိုရ ၊ လိုလျှင်တော့ ရသည်။ သူမ အပျင်းငွေ့လေး နည်းနည်းထမိလျှင်ပင် မနက်နိုးချိန်ကို ဆယ်မိနစ် စောပြီး အိပ်ရာဝင်ချိန်ကို ဆယ်မိနစ်နောက်ကျစေသည်။ သို့သော် သူမက တစ်ဆယ်တွင် သုံးခွန်းလောက်သာ နားထောင်၏။

.......

"စားရတာ မကောင်းလို့လား "

မျက်နှာမဲ့ကာ ဆန်ပြုတ်ကိုဖြည်းညင်းစွာသောက်နေသော သူမကို ရဲသက်မျိုး မေးလိုက်ခြင်းဖြစ်သည်။

ဆားနဲ့ဆီပဲပါတဲ့ဆန်ပြုတ်ကို ရှင်လာသောက်ကြည့်ပါလား ကောင်းမကောင်း
ဟုပြောချင်သော်လည်း "ကောင်းပါတယ် " ဟုသာ သူမပြန်ဖြေလိုက်နိုင်သည်။

ထမင်းဝိုင်းသည် ငြိမ်သက်သည်ထက် ပို၍ငြိမ်သက်လာသည်။ သူမ၏ ဇွန်းနှင့်ပန်းကန်လုံးထိမိသံ မှအပါး သူ့ထံမှ မည်သည့်အသံမှမထွက်လာပေ။ နေမြင့်ပြီဖြစ်၍လည်း အိမ်တွင်းအပူချိန်က သိသိသာသာတိုးမြင့်လာကာ ရေပူပူသောက်စရာမလိုတော့ဟု သူမတွေးပြီး ရိုးရိုးရေပုလင်းကို လက်အကမ်း သူမရှေ့မှရေပုလင်းမှာ သူမ၏အဝေးသို့ ခေါ်ယူသွားခြင်းခံလိုက်ရသည်။

1500လား 528 လားWhere stories live. Discover now