Chapter 6

247 8 3
                                    

unicode version

အိမ်အပြန်လမ်း ကားပေါ်တွင် မွန်းလွဲချိန်ရောက်နေပြီမို့ အကျင့်ပါနေသော နွေသက်ခြူးမှာ မျက်ခွံများလေးလံ မျက်စိများမှေးလာပြီဖြစ်သည် ။ အဝချထားသော ဟင်းပွဲများကြောင့်လည်း ပါ၏။ ဤအချိန်တွင် သူမလိုချင်သည်က ကျောက်မျတ်ရတနာခုနှစ်မျိုး မဟုတ်တော့ပေ ။
အမေရိကာနိုတစ်ခွက်သာဖြစ်သည် ။

"နွေအိမ်ပြန်မှာလား ဘယ်ဆက်သွားချင်လဲ ကိုယ်ဒီညဂျူတီရှိတယ် အိမ်မှာမရှိလို့ ညနေစားဖို့အတွက် စားစရာတွေဝယ်ထားမလား "

ရဲသက်မျိုးဆေးခန်းဖွင့်ထားသည်က ရုံးဖွင့်ရက်များတွင်သာဖြစ်သည် ။ သူအားသည့်ရက်နှင့် ရုံးပိတ်ရက်များတွင် လူနာထူထပ်သော အစိုးရဆေးရုံတွင် ဂျူတီဝင်၏ ။ ကိုယ်ပိုင်ဆေးရုံနှင့် မနိုင်မနင်းဖြစ်နေရသော ဒေါ်ခင်နုငယ် မကြည်ချင်စရာလည်း ကောင်းလှပေသည် ။ သားအရင်းမှာ မိဘမကူပဲ လုပ်ချင်ရာသာ လုပ်နေသည် ။ အားကိုးရသည်ဆိုလျှင် ချွေးမလေးသာရှိသည် ။ သို့သော် ချွေးမလေးမျက်လုံးထဲတွင် ခင်ပွန်းဖြစ်သူမှာ ဂုဏ်ငွေအာဏာမမက်မောပဲ လောကကြီးကိုကယ်တင်ပေးသည့် နတ်သားငယ်အသွင် ရှိနေသည်။

သူ့အသံကြောင့်အနည်းငယ် ခေါင်းကြည်လာကာ မတ်မတ်ပြန်ထိုင်ရင်း

"ညစာမစားတော့ဘူး အကို နွေ့ကို ကော်ဖီဆိုင်ပို့ပေးပါလား အကိုကြိုက်တဲ့ကော်ဖီပဲ ဖြစ်ဖြစ် "

"ကောင်းပြီ ဘာလို့အကိုကြိုက်တဲ့ဆိုင်မှလဲ "

သူက အထူးအဆန်းဖြင့်မေးလျှင် သူမငိုက်သည့် အာရုံများ ပပျောက်သွားပြီဖြစ်သည်။

"အကိုရဲ့ အာရုံခံနိုင်စွမ်းက မြင့်တယ်လေ မကောင်းရင် မကြိုက်ဘူး တကယ့်ကိုဂျီးများတာ အဲတာကြောင့် အကိုကြိုက်တဲ့ဆိုင်ဆို သေချာပေါက် မဆိုးဘူးပဲ "

"......"

..............
ကားမှာမောင်းလာရင်းနှင့် အိမ်ပြန်နေသည့်လမ်းမှန်း သူမမှတ်မိလျှင် အထူးအဆန်းသဖွယ် သူ့အား ကြည့်လာ၏။

"အကိုက နွေ့ကိုအိမ်မှာပဲ ပြန်ဖျော်သောက်ခိုင်းမလို့လား? "

You've reached the end of published parts.

⏰ Last updated: Mar 04 ⏰

Add this story to your Library to get notified about new parts!

1500လား 528 လားWhere stories live. Discover now