Chapter 4

192 7 0
                                    

unicode version

ပိတ်ရက်ကုန်လွန်သွားပြီး လူမုန်းများသည့် တနင်္ဂလာနေ့ ပြန်ရောက်ရှိလာခဲ့သည်။ သို့သော် နွေသက်ခြူးမှာ ထိုသူများနှင့် ဆန့်ကျင်စွာလန်းဆန်းတက်ကြွနေသည်။ ခဲရောင်ဘောင်းဘီရှည်နှင့် creamရောင် ဆွယ်တာကိုဝတ်ကာ ဆံပင်ကိုခပ်မြင့်မြင့်စီးပြီး ပထဆုံးအလုပ်ဝင်ဖို့ ရန်ခုန်နေ၏။ စာရွက်စာတမ်းများနှင့် macbook များထည့်ထားသည့် အိတ်ကိုဆွဲကာ လောလောနှင့် အခန်းထဲမှထွက်လာခဲ့သည် ။

ဝတ်စုံနှင့် လိုက်ဖို့ရန် သူမလက်မဝက်ခန့်မြင့်သောmary janes တစ်ရံဝတ်ဖို့ထုတ်လိုက်သော်လည်း သူ၏ "နောင်တမရဖို့ ဒါဝတ် " ဆိုသည့်စကားနှင့်အတူ ထုတ်ပေးလာသော converseကိုသာ စီးလိုက်ရသည်။ သူမ၏ကောင်းနေသည့်စိတ်နေစိတ်ထားကို မပျက်ယွင်းသွားစေမိဖို့ အကောင်းမြင်စိတ်ဖြင့်သာ ပြုံးပြလိုက်သည်။

မောင်းလာသည်မှာ ခြံဝင်းထဲမှမထွက်သေးသော
ကားထဲတွင်ဖြစ်သည်။
"ခနရပ် နွေ ဆေးယူဖို့မေ့သွားတယ် "

"ကိုယ်အိတ်ထဲထည့်ပေးလိုက်ပြီ "

သူမမယုံနိုင်စွာ လက်ကိုင်အိတ်ကို ဖွင့်ကြည့်လျှင်နေရောင်ကာသောဘူးငယ်လေးတစ်ဘူး ပါနေသည်။ "ကျေးဇူး " ဟုပြောကာသူမကပြုံးပြသော်လည်း သူကမူ ကြည့်တောင်မလာပေ။ ထိုအရာကို သူမကျင့်သားရနေ၍ ထပ်ပြီးစိတ်ထဲမထားတော့ဘဲ ထိုင်ခုံခါးပတ်ပတ်လျက် ငြိမ်နေလိုက်သည်။

အဖြူရောင်ကားငယ်လေးသည် နာရီဝက်ခန့်ချောချောချူချူ ပြေးလွှားလာခဲ့ပြီး ဆေးရုံမရောက်မီ မီတာအနည်းငယ်လောက်တွင် ကြပ်ထိုးနေအောင်လမ်းပိတ်ဆို့မှုနှင့် ကြုံလိုက်ရသည်။ ငါးမိနစ်တွင် သုံးပေလောက်သာရှေ့တိုးနိုင်၍ ရဲသက်မျိုး ခေါင်းခဲနေသကဲ့သို့ နွေသက်ခြူးသည်လည်း ခေါင်းမူးလာပြီဖြစ်၏။ ရေဒီယိုမှ မနက်ခင်းအစီအစဥ်ကပင် ပျင်းစရာကောင်းလာပြီး အနှောင့်အယှက်အဖြစ် ပြောင်းသွားသည်။ သေချာပေါက် မနက်ခင်း၏ သာယာမှုမှာ လုံးလုံးပပျောက်သွားလေခြင်း ။ သူကသူမကိုပို့ပြီးအလုပ်သွားရမှာကဲ့သို့ သူမကလည်းပထမဆုံးနေ့တွင် နောက်ကျလို့မကောင်းပေ ။

1500လား 528 လားWhere stories live. Discover now