chapter 3

144 7 0
                                    

unicode version

မိုးကြီးမုန်တိုင်းကျရောက်ပြီး၍ ရီဝေဝေပတ်ဝန်းကျင်နှင့် မြေနီလမ်းကလေးမှာ ရွံဗွက်ရေအိုင်များ ဟိုတစ်ကွက်သည်တစ်ကွက် ပြည့်နှက်နေ၏။ အဖြူစိမ်းယူနီဖောင်းနှင့် ကျောင်းသူလေးမှာ အသစ်ဝယ်ထားသည့် သူမကျောပိုးအိတ် ရွံ့မပေရေးနှင့် လက်ဖြင့်ပိုက်ကာ ဗွက်ရေအိုင်များအား တစ်ခုပြီးတစ်ခု ခုန်ကျော်နေသည် ။

သူမအိမ်ပြန်ရောက်လျှင် သစ်သားလှေကားငယ်ဘေးတွင် သစ်လွင်သောဖိနပ်တစ်ရံနှင့်အတူ ဖိနပ်နှစ်ရံပိုနေ၏။ အိမ်တွင် ဧည့်သည်ရောက်နေမည်ဟု တွေးကာ လှေကားတက်နေသော ခြေလှမ်းများကို အနည်းငယ် တိုးမိသည်။

"နွေ ပြန်လာပြီလား သမီး"

"ဟုတ်.. "

ဘုရားခန်းရှေ့တွင် ဧည့်သည်နှစ်ယောက်ရှိကာ တစ်ယောက်မှာရပ်ကွက်လူကြီးဖြစ်ပြီး နောက်တစ်ယောက်မှာ သူမမသိသောသူစိမ်းဖြစ်သည်။
အဖွားရှင်းပြပုံအရ တောင်ပေါ်ရွာငယ်ကလေးများသို့ ကူညီဖို့ရန်ဆင်းလာသည့်ဆေးကျောင်းသားဆရာဝန်လောင်းများ ဖြစ်သည်ဟု ဆို၏။ လူများသည့်ပုံပေါ်ကာ အိမ်ထမင်းအိုးငယ်သော မိသားစုဆီတွင် လူခွဲကာ နေခိုင်းပုံရသည်။

"မင်္ဂလာပါ ကျောင်းသူလေး အကို့နာမည် ရဲသက်မျိုး ပါ ”
သွားမပေါ်အောင် ပြုံးသော်လည်း နှလုံးမှလာသော အပြုံးဖြင့် သူမကိုသူပြုံးပြနေ၏။

...........

အာရုဏ်တက်ချိန်၏ အိမ်မက်မှနိုးထလာသောအချိန်တွင် ပတ်ဝန်းကျင်မှာ အနည်းငယ်မှောင်နေသေး၏။ ခဏခန့်လူးလိမ့်ပြီး ရေဆာ၍ မီးဖိုချောင်ဆီ ထွက်လာခဲ့သည်။ ထိုတွင် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားတော့သည်။
"အား....! "

"…?…”

"အား!”
သူမကမှောင်နေသော မီးဖိုခန်းတွင် မီးမဖွင့်ဘဲရပ်နေသည့် သူ့ကိုလန့်၍အော်သည်။ သူသည်လည်း ရုတ်တရက်နောက်မှ ထွက်ပေါ်လာသော အော်သံကြောင့် လန့်ကာလှည့်ကြည့်ပြီး အမှောင်ထဲ ဆံပင်ဖားလျားနှင့်သူမကို မြင်လျှင် ပိုလန့်ကာ လိုက်အော်၏။

"အကို! နွေ့ကို သတ်နေတာပဲ !"

"နွေကရော အကို့ကိုမခြောက်လို့လား? "
ခေါင်းစီးကြိုးကို ပါးစပ်တွင်ကိုက်ကာ လက်နှစ်ဖက်ဖြင့် ပိုနီတေးချည်ရန် လုပ်နေသောသူမကို ရေခွက်ကမ်းပေးရင်း သူပြန်မေးလိုက်သည်။ သူမဆံပင်ချည်ပြီး ရေခွက်ကို လှမ်းအယူရေခွက်ကသူမနှင့် ဝေးသွားပြီ။

1500လား 528 လားWhere stories live. Discover now