Part - 3 -

250 13 4
                                    

Unicode

တစ်ညလုံးတက်နေတဲ့အဖျားကြောင့် အခန်းကျဉ်းလေးထဲတွင်တစ်ယောက်တည်း ညည်းညူနေခဲ့မိသည်။ မိခင်ဖြစ်သူကိုတော့ ချော်လဲ၍ အကြောတင်သွားသည်ဟုသာ လိမ်လည်ထားခဲ့သည်မို့ ဖျားနေသည်ကိုလည်း မသိစေချင်တော့ ။ 

အာရုဏ်တက်ချိန်တွင် အခန်းအပြင်မှအသံအချို့ကြားရပြီးနောက် မိခင်ဖြစ်သူမှာ ခန်းဆီးစကိုသာခဏဖယ်ရှားကာ ရပ်ကြည့်သွားရုံမှအပ သူ့အနီးအနားသို့ပင်ရောက်မလာခဲ့ပေ။ တိတ်တိတ်လေးအိပ်ချင်ယောင်ဆောင်နေရုံမှလွဲ၍ ကျန်တာသူမလုပ်တတ် ။

တဆစ်ဆစ်ကိုက်ခဲနေသောဒဏ်ရာများကို ဘာဆေးလိမ်းရမည်ဆိုတာကိုလည်း မသိသလို ပျောက်ကင်းဖို့ဘယ်လောက်ကြာမည်ဆိုတာကိုလည်း သူမသိ ။ ဝမ်းနည်းအားငယ်စိတ်ကလွဲလျှင် ကျန်ဘာခံစားချက်မှရှိမနေခဲ့ပေ ။ ရင်ဖွင့်စရာသူငယ်ချင်းလည်းမရှိသလို တိုင်ကြားရန်အားကိုးလောက်စရာလူလည်း သူ့ဘက်တွင်မရှိခဲ့ ။ 

မျက်ရည်တို့သာ တွင်တွင်ကျနေခဲ့ရသောကြောင့် မျက်လုံးတွေကျိန်းစပ်ကာ မျက်ခွံတွေပင်နီရဲနေခဲ့ပြီ။ အဖျားရှိန်ကလည်း ဖြူဖွေးသောမျက်နှာပြင်တစ်ခုလုံးကို နီစပ်စပ်ဖြစ်နေစေသည်။ 

အချိန်ကတဖြည်းဖြည်းနှင့် နေပင်အတော်မြင့်လာခဲ့ပေမဲ့ သူကတော့ အိပ်ရာထဲမှမထဖြစ် ။ ကျောင်းလည်းမသွားနိုင်သလို အိမ်အလုပ်များလည်း ဘာမှမလုပ်နိုင်ပါ ။ 

၈ နာရီကျော်လောက်တွင်တော့ အိမ်ရှေ့တွင် ဆိုင်ကယ်ရပ်သံကိုကြားလိုက်ရပြီး ရင်ငြိမ်းချမ်းတစ်ယောက် အိတ်အချို့ကိုဆွဲကာ အခန်းထဲသို့တန်းနေအောင် ဝင်လာခဲ့တော့သည်။ 

မနေ့ကတည်းက မမြင်ချင်မတွေ့ချင်တော့သောမျက်နှာမို့ အေးစက်စက်သာတစ်ချက်ကြည့်လိုက်ပြီး နှုတ်ဆက်စကားလည်းမပြောမိ ။ ထထိုင်ကာလည်း မကြိုဆိုဘဲ အိပ်ရာထဲတွင်လှဲလှောင်းနေရင်းမှသာ ခပ်တင်းတင်းကြည့်လိုက်တော့ သူ့ကုတင်ဘေးတွင် တင်ပလွှဲဝင်ထိုက်လိုက်ပြီး လက်ထဲမှကြွပ်ကြွပ်အိတ်တို့ကို ကုတင်ဘေးရှိစားပွဲပေါ်ကိုတင်ပေးလာကာ ...

မကြွေလွင့် ဝေသင့်ခဲ့လေသောWhere stories live. Discover now