Part - 7 -

227 14 18
                                    

Unicode

ဖြူဖွေးလွန်းသောပါးမို့မို့ထက်မှာ နီစွေးစွေးအရောင်တွေကပ်ငြိနေပုံက အရမ်းကိုလှပလွန်း၍ ပျောက်ပျက်သွားမှာပင်စိုးရိမ်လာရသည်။ 

ဖြူလွှလွှလက်ဖဝါးနုနုလေးထံမှ သွေးဆို့နေသော ဒဏ်ရာများကိုကြည့်မိချိန်မှာတော့ သူ့ရင်ထဲရောက်လာတဲ့စိုးရိမ်စိတ်တို့က အစိုင်အခဲကြီးမားလွန်းလာခဲ့တော့၏။ 

"ဟာ ... အကို့ သွေး ... သွေး ထွက်လာပြီ "

ထိန်လန့်တကြားနှင့် မပြောမဆို တစ်ဖက်လူရဲ့လက်တို့ကို ဆွဲယူဆုပ်ကိုင်လိုက်‌တော့ ငြိုငြင်ဟန်မျက်နှာပေးလေးနှင့် ဆတ်ခနဲရုန်းထွက်သွားသူ ။ 

 "ဖယ် "

"ဟို ... စိတ်ဆိုးသွားတာလား ဟင် ။ ကျွန်တော်တောင်းပန်ပါတယ် ။ တကယ်မတော်တဆဖြစ်သွားတာပါ "

"ရပါတယ် မလိုဘူး "

သွေးဆို့နေသောလက်ကို မသိကျိုးနွံပြုရင်း ချက်ချင်းထရပ်လိုက်တော့ သူလည်း ကပြာကယာထရပ်လိုက်သည်။ ထိုအချိန်မှာပဲ လျှောက်သွားနေသော ဖြိုးမောင်ရောက်လာခဲ့ပြီး ...

"ဘာဖြစ်တာလဲ "

"ခလုတ်တိုက်သွားတာ "

"ဘာဖြစ်သွားသေးလဲ "

"ဘာမှမဖြစ်ပါဘူး ။ ဒီတိုင်း ... အ "

စကားပြောနေရင်း ညာဘက်ရင်အုံနေရာမှ ဆစ်ခနဲနာကျင်မှုတို့ကြောင့် ငြီးတွားမိလိုက်သည်။ သူ့အော်သံကြောင့် တစ်ဖက်လူလည်း စင်ပေါ်မှနေ၍လှမ်းကြည့်လာချိန်မှာ သူ့အင်္ကျီအား ခေါင်းမှဆွဲလှန်ကာချွတ်ပစ်လိုက်သည်။ 

ထိုအပြုအမူကြောင့် မသိမသာကြည့်နေသူမှာ ရုတ်တရက် အကြည့်တို့လွှဲသွားတာကိုလည်း သူသိသည်။ 

နာကျင်နေမှုကြောင့် ရင်ဘက်ကို သူကငုံ့ကြည့်လိုက်သလို  ဖြိုးမောင်လည်း သူ့နည်းတူကြည့်လိုက်ချိန်မှာ သွေးဆို့နေသော အရာအချို့ကိုတွေ့လိုက်ရသည်။ တစ်ဖက်လူလောက်တော့ မများပြားပေ ။ 

"ဒါက ဘယ်လိုဖြစ်တာလဲ "

"နှင်းဆီဆူး စူးတာ ။ ရတယ် ငါဘာမှမဖြစ်ဘူး "

မကြွေလွင့် ဝေသင့်ခဲ့လေသောWhere stories live. Discover now