Unicode
ဂိုဒေါင်မှပြန်ရောက်လျှင်ရောက်ချင်း ဖုန်းဆက်လိုက်ပေမဲ့ မကိုင်တာကြောင့် ဆက်ခေါ်မနေတော့ဘဲ လက်ထဲမှဖုန်းအား စားပွဲပေါ်ကိုပစ်တင်လိုက်သည် ။
နောက်မှကပ်ပါလာသော ဦးလူမော်က ...
"ကိုချမ်း ညနေကျရင် ကုန်ကားနှစ်စီးရောက်မယ် "
"ပိုက်ဆံက ဦးလေးပဲရှင်းထားလိုက်တော့ ။ ကျွန်တော်အိမ်ပဲပြန်တော့မယ် "
"ဟုတ်ကဲ့ ... ဒါနဲ့ တော်လေးက ( မကြာသေးမီက ) အမျိုးသမီးတစ်ယောက်လာသွားတယ် ။ လမ်းကြုံလို့ဝင်တာလို့ပဲပြောသွားတယ် ။ ကိုချမ်းလာရင်တော့ပြောလိုက်ပါတဲ့ သူညမှဖုန်းဆက်မယ်ပြောတယ် "
"ဘယ်သူလဲဗျ "
"ခိုင်သဉ္ဇာလို့ပြောတယ် "
"ဪ ဟုတ်ပြီ ။ ဒါဆို ဘာပြောစရာရှိသေးလဲ "
"ညနေထွက်မယ့်ကားတွေအတွက် ဦးလေးစားရိတ်ထုတ်ပေးထားတယ် ။ ဒီမှာစာရင်း "
"ဟုတ် တင်ခဲ့လိုက်ဗျ ။ ကျွန်တော်နောက်မှစစ်လိုက်မယ် "
"ဒါဆို ခွင့်ပြုပါဦး "
"ဟုတ် "
လက်ထဲမှစာအုပ်အား စားပွဲပေါ်သို့တင်ခဲ့ပြီး ဦးလူမော်ထွက်ခွာသွားတော့မှ ဖုန်းကိုတစ်ဖန်ကောက်ယူကာ ချမ်းငြိမ်းအေးထံ ထပ်မံ၍ဆက်လိုက်သည်။
နှစ်ခါမြောက်သံရှည်ဆွဲမြည်ပြီးမှ လာကိုင်သော ညီဖြစ်သူ ...
"အေး ... အားရဲ့လား ။ ဘာတွေလုပ်နေလို့ ဖုန်းလည်းမဆက် ၊ ဆက်တော့လည်းမကိုင်ဖြစ်နေတာလဲ "
"ကျွန်တော် Seminar ရှိလို့ စာပြင်နေတာကိုကြီး ။ ဘာရှိလို့လဲ "
"အထွေအထူးက ဘာမှမရှိဘူး ။ နောက်လလောက်ကျရင် အကိုရန်ကုန်ကိုလာဖြစ်ဦးမယ်ထင်တယ် ။ မင်းအတွက် ဘာယူလာခဲ့ပေးရဦးမလဲ "
"မလိုပါဘူး ။ ဒီမှာပိုက်ဆံရှိရင်အကုန်ရနေတာပဲကို "
"မတူဘူးလေ ။ အရသာချင်းက တူတာမှမဟုတ်တာ "
"အင်းပါ ။ ကျွန်တော့်ဖို့ နို့ခဲချက်ပဲယူလာခဲ့ ။ ကျန်တာမလိုဘူး "
YOU ARE READING
မကြွေလွင့် ဝေသင့်ခဲ့လေသော
General Fictionပင်ယံထက်မှာ လှတတ်တဲ့ပန်းတိုင်းဟာ ဘာကြောင့်ခူးဖို့သင့်တယ်လို့ လူတွေကယူဆကြတာလဲ ... ဝေနေရဖို့မထိုက်တန်လို့များ ကြွေခဲ့ရလေသလား ပန်းပွင့်ငယ် ...