Unicode
အချိန်တွေကား ရပ်တန့်နေသည်မဟုတ်တာကြောင့် တရွေ့ရွေ့ကုန်ဆုံးကာ ၁၂ နှစ် ကြာပြီးနောက်မှာတော့ နယ်မြို့လေးမှ မင်းယုယသွင်ဟူသော ကောင်လေးရဲ့အကြောင်းအား လူအများက မေ့ပျောက်နေခဲ့ကြပြီဖြစ်သည်။
ရန်ကုန်မြို့ ပြည်လမ်းမတစ်နေရာတွင်ဖြစ်သည်။ မီးပွိုင့်မှ နံပါတ်စဉ်များကို တည်ငြိမ်စွာကြည့်ကာရေတွက်နေချိန်မှာ ဒက်ဘုတ်ရှ်ပေါ်ရှိဖုန်းမြည်လာခဲ့တော့ ချက်ချင်းကိုင်ကာ စပီကာဖွင့်လိုက်သည်။
"ဟယ်လို ချမ်းငြိမ်း "
"ဟုတ်ကဲ့ ကိုကြီး ပြောပါဗျ "
"ကျောင်းဆင်းပြီလား ။ ဘယ်မှာလဲ "
"ကျွန်တော် ဒီနေ့ကျောင်းမသွားဘူးကိုကြီး "
"ဘာလို့လဲ "
စိမ်းသွားပြီဖြစ်သောမီးပွိုင့်ကြောင့် ကျွမ်းကျင်စွာကိုယ်သွားမည့်လမ်းကြောင်းကိုပြောင်းလိုက်ရင်း ပြန်ဖြေလိုက်ပြန်သည်။
"မနက်ဖြန် ဖြိုးမောင်ရဲ့အမမင်္ဂလာဆောင်ရှိလို့ အဲဒါကူပေးနေလို့ "
"အင်းအင်း ... အခုကကားမောင်းနေတာမလား "
"ဟုတ်ကဲ့ "
"ဒါဆို နောက်မှအေးဆေးပြောတော့မယ် ။ လိုတာရှိဖုန်းဆက် "
"ဟုတ်ကဲ့ဗျ "
တီခနဲမြည်ကာ ကျသွားသောဖုန်းကို တစ်ချက်မျှသာကြည့်ရင်းပြုံးမိသည်။ အသက်အရွယ် ၁၂ နှစ်ခန့်ကွာသောအကိုဖြစ်သူဟာ သူ့ကိုဆိုအမြဲကလေးတစ်ယောက်လိုဆက်ဆံခဲ့သည်။ ငယ်စဉ်ကတည်းက လိုလေသေးမရှိ မျက်နှာတစ်ချက်မငြိုစေရအောင် ထားပေးခဲ့သူဖြစ်ပြီး သူနှင့်ပတ်သက်သမျှအရာရာကို ဖခင်တစ်ယောက်သဖွယ် ပြုလုပ်ပေးလေ့ရှိသည်။
သူ့ဘေးတွင် တစ်လျှောက်လုံးငြိမ်လျှက်ပါလာသူ ဖြိုးမောင်က ...
"မင်းအကိုက အသက်ဘယ်လောက်ရှိပြီလဲ "
"၃၄ ထင်တယ် ။ ဘာလို့လဲ "
"အခုချိန်ထိ မိန်းမမယူသေးဘူးလား ။ ထူးဆန်းနေလို့လေ ရည်းစားတွေဘာတွေရော မရှိဘူးလား ။
YOU ARE READING
မကြွေလွင့် ဝေသင့်ခဲ့လေသော
General Fictionပင်ယံထက်မှာ လှတတ်တဲ့ပန်းတိုင်းဟာ ဘာကြောင့်ခူးဖို့သင့်တယ်လို့ လူတွေကယူဆကြတာလဲ ... ဝေနေရဖို့မထိုက်တန်လို့များ ကြွေခဲ့ရလေသလား ပန်းပွင့်ငယ် ...