အပိုင်း(၂) Unicode

149 12 3
                                    

အချိန်တွေကုန် လွန်လာသည်နှင့်အမျှ ဂျွန်ဂျောင်ဂုလေးက ကျောင်းတက်သည့်အရွယ်ရောက်လာလေပြီ။ထယ်ယောင်းလေးကလဲ စကားပြောတက်သည့် 4နှစ်သားအရွယ်လေးရောက်လာလေသည်။

ထယ်ယောင်းလေးကိုဂျောင်ဂုက အရိပ်တကြည့်ကြည့်နှင့်စောင့်ရှောက်လေသည်။ အရာရာသူသာဦးဆောင်လေသည်။

ထယ်ယောင်းလေးကိုစမွေးစားသည့်နေကသပြီး သူကလူကြီးလေးတစ်ယောက်လိုဆက်ဆံသည် ။ ထယ်ယောင်းကိုအတော်လေးချစ်ရှာသည်။ ထယ်ယောင်းနှင့်အတူတူအိပ်သည်။တူတူစားသည်။တူတူရေချိုးသည်။ထယ်ယောင်းငိုရင်နေစရာမရှိအောင်ပင်။ တကယ့်အကိုကြီးပင်။ တစ်ခုရှိတာက သူကထယ်ယောင်းကိုလှတယ်ဆိုပြီး တစ်ခါတစ်လေ ဂါဝန်တွေဝတ်ပေးလေ့ရှိသည်။ တားပေမဲ့လဲမရ။ နောက်ဆုံးလွှတ်ထားလိုက်ကတော့သည်။

'ထယ်ထယ်လေးရေ ကိုကိုပြန်လာပြီ'

ခြံပေါက်ဝထဲက အော်လာသည့်ဂျောင်ဂုပါလေ။ အိမ်ထဲကထယ်ယောင်းကလဲ ဂျောင်ဂုအသံကြားတော့ ဆော့နေရာမှချက်ချင်းထပြေးလေသည်။

'တိုတိုရေးးးး'

ဂါဝန်ပန်းရောင်လေးနှင့်ပြေးလာသည့် ထယ်ယောင်းလေးကမနက်ထဲကဂျောင်ဂုဝတ်ပေးခဲ့သည့်အတိုင်း ပန်းရောင်ဂါဝန်၊ကြက်တောင်စီးလေးနှင့်ပင်။

သူ့ကိုခေါ်ကာ လက်လေးနှစ်ဖက်ဆန့်ကာပြေးလာသည့်ထယ်ယောင်းလေးကို ဂျောင်ဂု ပြေးကာ ချီလိုက်သည်။

'ထယ်ထယ်ကယေ တိုတို့ကို လွမ်းနေတာ တိယား'

'ဟုတ်လား ဘယ်လောက်လွမ်းနေတာလဲကိုကို့ကို'

'ဒီယောက်'

သူ့လက်လေးတွေကိုအကားနိုင်ဆုံးကားကာပြောနေသည့် ထယ်ယောင်းလေးအား ဂျောင်ဂုအသဲယားစွာ ပါးလုံးလုံးလေးအားနမ်းရှုံ့လိုက်သည်။ ဒါကတော့သူတို့နေ့တိုင်းပြုလုပ်နေကြပုံစံပင်။

ဂျောင်ဂု ထယ်ယောင်းကိုချီကာ အိမ်ထဲသို့ဝင်ခဲ့လေသည်။ အိမ်ထဲရောက်တော့ လွယ်အိတ်ကိုချကာ ထယ်ယောင်းနှင့်ဆော့နေလိုက်သည်။

ခဏကြာတော့..

'သားသား ရေချိုးတော့လေ ပြီးမှထယ်ထယ်နဲ့ဆော့'

ချစ်ရပါသော ကိုကို (ခ်စ္ရပါေသာ ကိုကို)Where stories live. Discover now