အပိုင်း(၅) Unicode

96 9 0
                                    

ဒီနေ့ကတော့ ကျွန်တော့်ရဲ့သဲသဲလေး 18နှစ်ပြည့်မွေးနေ့လေးပေါ့။ ဘာလိုလိုနဲ့သဲသဲလေးတောင် အသက်ပြည့်ခဲ့ပြီ။တခါတလေကျရင်လဲ ငယ်ငယ်တုန်းက မပီကလာပီကလာနဲ့ကိုကိုလို့ခေါ်တဲ့အသံလေးကိုလွမ်းမိသား။

တခါတလေကျတော့လဲ မြန်မြန်အရွယ်ရောက်စေချင်မိတယ်။ကျွန်တော်ကတော့ ခုထိဖွင့်မပြောရသေးပေ။ဒီနေ့ဖွင့်ပြောရန်စဥ်းစားထားတယ်။ ဟူးးး ရင်တွေခုန်လိုက်တာ။

'CEO Jeon'

'ပြော'

ပြက်သားတိကျစွာပေါ်ထွင်လာသည့်အသံ။ CEO နေရာကိုဆက်ခံထားတာမကြာသေးပေမဲ့ Company ကိုကောင်းကောင်းကိုင်တွယ်နိုင်တာကြောင့် အားလုံးလေးစားကြသည်။ ကြောက်ကြသည်ဆိုပိုမှန်မည်။ ဂျောင်ဂုရဲ့ပုံက နဂိုထဲကအနေအေးတဲ့ထဲပါသည်မို့ ဒီလိုလုပ်ငန်းရှင်အနေနဲ့ဆိုတော့ပို၍တည်ငြိမ်နေသည်။ စကားတောင်လိုမှပြောတက်သည်။ ကင်မ်ထယ်ယောင်းကိုတော့အသေကြောက်သည်။

'CEO စီစဥ်ခိုင်းထားတာအဆင်သင့်ဖြစ်ပါပြီ'

ခေါင်းသာငြိမ့်ပြလိုက်သည်။ အတွင်းရေးမှူးကောင်မလေးလဲ ဘာမှဆင်မပြောတော့ဘဲ ပြန်ထွက်သွားတော့သည်။

'ဟူး...ထယ်ယောင်းဂီးလေးကိုကို့အချစ်ကိုလက်ခံပါ့မလားကွာ'

စီးပွားရေးရှင်တွေအားလုံးက ကြောက်ရသည့်ဂျွန်ဂျောင်ဂုဆိုသည့်သူက 18နှစ်သားအရွယ် ကင်မ်ထယ်ယောင်းရဲ့အချစ်ကိုရဖို့ ရူးမတက်ရင်တွေခုန်နေမယ်ဆို ယုံကြပါ့မလားဗျာ။
________

'ထယ်ယောင်း'

'ဗျာ...စီနီယာ'

ထယ်ယောင်းကိုကိုလာကြိုမှာကိုစောင့်နေတုန်း စီနီယာ မင်ဆူက သူ့အနားရောက်လာသည်။ထယ်ယောင်းလဲ ပြန်၍လက်ခံစကားပြောလိုက်တယ်။

'အစ်ကိုလာကြိုမှာစောင့်နေတာလား'

'ဟုတ်'

သူကသူ့ကျောနောက်တွင်ကွယ်ထားသောလက်ကိုရှေ့ကိုထုတ်လိုက်သည်။ ပန်းစည်းလေးတွေ့လိုက်သည်။ ထယ်ယောင်းမျက်လုံးများဝိုင်းစက်သွားသည်။

'ဒီနေ့ကထယ်ယောင်းမွေးနေ့မလား ဒါထယ်ယောင်းအတွက်မွေးနေ့လက်ဆောင်'

ချစ်ရပါသော ကိုကို (ခ်စ္ရပါေသာ ကိုကို)Where stories live. Discover now