ဂျောင်ဂုကိုမေမေကဂျောင်ဂုအသက်15နှစ်တွင် ထယ်ယောင်းဟာ ညီလေးအရင်းမဟုတ်ကြောင်းပြောပြလေသည်။ ဂျောင်ဂုမှတ်မိပေမဲ့အနည်းငယ်သာမှတ်မိတော့သည်မို့မေမေပြောမှ ပိုသေချာသွားသည်။ ထယ်ယောင်းလေးကိုလေးကိုတော့ အသက်ပြည့်မှပြောပြရန်စီစဥ်စားသည်။
ထယ်ယောင်းကညီလေးအရင်မဟုတ်ဘူးလို့သိသွားတဲ့နေ့ကစပြီး ကျွန်တော်သိပ်ပျော်သားတာ။ ကျွန်တော့်ရဲ့ခံစားချက်တွေမူမမှန်တော့တာကြောင့် ညီလေးအရင်းသာဆို ဘယ်လိုလုပ်ရမလဲစဥ်းစားနေခဲ့တာလေ။ ခုတော့ထယ်ထယ့်ကို ကျွန်တော်ပိုင်ဆိုင်ရအောင်ကြိုးစားလို့ရတော့မည်လေ။တွေးရင်းနဲ့ကိုအရမ်းပျော်နေတာ။ကျွန်တော့်ရူးသွားပြီလားဘဲ။
မျက်အောက်တွင်ကြီးပြင်းလာသည့် ထယ်ယောင်းလေးက အခုဆို အလယ်တန်းကိုရောက်လေပြီ။ အသက်ကလဲ 15နှစ်ပြည့်ပြီးပြီမို့အတော်လေးအရွယ်ရောက်ပြီ။
ဂျောင်ဂုကတော့ အထက်တန်းအောင်လို့ Uniတက်နေပြီ။ ဂျောင်ဂုကခုချိန်ထိထယ်ယောင်းပေါ်ချစ်စိတ်တွေမလျော့သွားပေ။ ငယ်စဥ်ကတည်းကအတိုင်း စောင့်ရှောက်တုန်းပင်။
ဂျောင်ဂုက အရွယ်ရောက်လာသည်နှင့်အမျှ တောင့်တင်းလာသည့်ခန္ဓာကိုယ်၊ချောမောလှသည့်မျက်နှာ၊တောင့်တင်းတဲ့ခန္ဓာကိုယ်နှင့်လိုက်ဖက်အောင်ရှည်သည့်အရပ်၊ လုံးဝကိုပြီးပြည့်စုံလှသည်။ မိန်းကလေးတိုင်းပစ်ကြွေချင်စရာ Daddy Type ပင်။
ထယ်ယောင်းလေးကတော့ အရွယ်လေးရောက်လာသည်နှင့်အမျှ လှပလာသည့်ခန္ဓာကိုယ်အချိုးအစား၊ ချောမောလွန်းသည့်မျက်နှာ၊ နို့နှစ်ရောင်အသားအရည်လေးနှင့် အလွန်းကိုလှလာသည်။
ယောကျ်ားလေးတစ်ယောက်ကိုလှတယ်လို့မသုံးသင့်ပေမဲ့ ကျွန်တော့်သဲသဲလေးကတကယ့်ကိုအလှလေး။သောက်လေသောက်လေအငတ်မပြေဆိုသည့်အတိုင်း ကြည့်ရင်းနဲ့ကိုကြည့်ချင်လာတာမျိုး။ ပြောမပြတက်အောင်ဘဲဗျာ။ အဲ့လိုလှလို့လဲ ကျွန်တော်ဆိုသည့်ဂျွန်ဂျောင်ဂုက သဲသဲလေးအပေါ်မရိုးသားတဲ့စိတ်တွေဖြစ်ပေါ်လာတာပေါ့ဗျာ။ဟူးးးး
'ဟိတ်ကောင်ဂျွန်ဂျောင်ဂု ဒီညငါတို့နဲ့ Barသွားရအောင်'
'ငါမလိုက်တော့ဘူး'
YOU ARE READING
ချစ်ရပါသော ကိုကို (ခ်စ္ရပါေသာ ကိုကို)
RomantikTaekook Top-Jeon Jungkook Bottom-Kim Taehyung