အပိုင်း(၃) Unicode

117 12 0
                                    

'ထယ်ထယ် ကိုကိုနမ်းလို့ရမလား'

ပြောလိုက်တော့ ပြူးကြောင်ကြောင်လေးမော့ကြည့်လာကာ ခေါင်းလေးစောင်းပေး၍ ပါးလေးတိုးပေးလေတယ်။ဒါသူ့ပါးကိုနမ်းပေါ့လေ။ ကိုယ်နမ်းချင်တာကပါးမှမဟုတ်တာကို ဒါပေမဲ့လဲ ရတာကိုယူထားရမှာဘဲလေဟုတ်တယ်မလား။

'ရွှတ်..'

'ကိုကို့သဲသဲလေး​က မွှေးနေတာဘဲဗျာ'

'ဟီး'

တချက်သာရယ်ပြပြီး စတော်ဘယ်ရီသီးကိုထပ်စားနေတာ။လူကို ဂရုကိုမစိုက်ဘူး။ ထယ်လုံးလေးစတော်ဘယ်ရီသီးစားတာကုန်တဲ့အထိ ထိုင်ကြည့်နေလိုက်တယ်။ စတော်ဘယ်ရီသီးစားပြီးတော့ခြေလက်ဆေးခါနီးမှလူကိုအရင်စကားလာပြောတာ။

'တိုတို လက်ချေးမယ်ယေ'

'သဲသဲလေး'

'ဂျာ'

'ကိုကိုနမ်းချင်တယ်'

'ခုဏက နမ်းတေးတယ်ယေ'

'ကိုကိုက ပါးကိုနမ်းချင်တာမှမဟုတ်တာကို'

'ဒါချို ဘာကိုနမ်းချင်တာယဲ'

'သဲသဲလေး အနမ်းခံမှာလားပြော'

စူးစမ်းချင်စိတ်ကတော့ ဘယ်သူနဲ့မှမတူတာ ချက်ချင်းခေါင်းကိုတစက်စက်ငြိမ့်ပြတာ။တကယ့်ဟာလေး။

သူလဲ ရတဲ့အခွင့်အရေးကိုအပြည့်အဝယူလိုက်တာပေါ့။

'မွ'

နှုတ်ခမ်းကိုထိကပ်ယုံလေးသာထိကပ်၍နမ်းလိုက်သည်။ တကယ်ချိုတာဘဲ။

'ရေချေးပေးတော့ယေတိုတို'

'ဟုတ်ပါပြီဗျာ လာ ကိုကိုချီမယ်'

ဂျောင်ဂုလဲ ထယ်ယောင်းကို ချီကာခြေလက်ဆေးပေးပြီးတာနဲ့ အိပ်စက်လိုက်တော့သည်။
_________

မနက်ခင်းနေရောင်ခြည်နွေးနွေးက အခန်းပြတင်းပေါက်ကနေ ဂျောင်ဂုရဲ့မျက်နှာပေါ်သို့ကျရောက်လာတာကြောင့် ဂျောင်ဂု အိပ်ယာမှနိုးလာခဲ့သည်။

မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ ရင်ဘက်ထဲတွင်အိပ်မောကျနေတဲ့ကောင်လေးက မျက်နှာလေးကိုပန်းရောင်လေးသန်းလို့။လှုပ်လိုက်ရင် နိုးသွားမည်ဆိုး၍ ဒီတိုင်း ဆက်ငြိမ်နေလိုက်တယ်။

ချစ်ရပါသော ကိုကို (ခ်စ္ရပါေသာ ကိုကို)Where stories live. Discover now