'ကိုကိုမင်းကိုသိပ်ချစ်တာဘဲ'
ရင်ဘက်နားတွင်ကပ်ကာကိုကိုဆိုလာသည့်စကားကြောင့်ထယ်ယောင်းရင်တွေအဆမတန်ခုန်လာရသည်။ဆက်နေနေရင်ကိုကိုသိသွားမည်ဆိုး၍ ထယ်ယောင်းကိုကိုပေါင်ပေါ်ကဆင်းကာ ထိုင်ခုံတွင်ပြန်ထိုင်နေလိုက်သည်။
ကိုကိုက ထယ်ယောင်းလုပ်သမျှတွေကိုလိုက်ကြည့်ကာ သူ့အောက် နှုတ်ခမ်းကိုလဲသူပြန်ကိုက်ထားသေးသည်။
ထယ်ယောင်းလဲကိုကို့ကိုကြောက်လာတာကြောင့် အိပ်ပြန်ရန်ပြောလိုက်လေသည်။
'ကိုကို...ပြန်...ပြန်ရအောင်လေ'
'ဟုတ်ကဲ့ဗျ'
ထယ်ယောင်းပြောတော့ ချက်ချင်းကားစက်နိုးကာ အိမ်သို့နှင်ခဲ့လေသည်။
_________'ငါနဲ့ကိုကိုနဲ့က ညီကိုတွေလေ၊ဘယ်လိုမှမဖြစ်နိုင်ဘူးမလား'
'ငါငြင်းလိုက်ရင်ရောကိုကိုစိတ်ကောင်းပါ့မလား'
'ဒါပေမဲ့ငါလက်ခံလိုက်ရင်လဲငါတို့ကညီကိုအရင်းကြီးလေ'
'မေမေတို့လဲရှိသေးတယ်'
'ဟူး....ရူးချင်လိုက်တာ'
အိပ်ယာပေါ်တွင်လူးလိမ့်ကာစဥ်းစားနေသည့်ကောင်လေးက ည8နာရီထိုးတာကိုမသိသေးဘူးထင်၏။
'ဒေါက်...ဒေါက်...ဒေါက်'
ထယ်ယောင်းလဲစဥ်းစားနေရင်း တံခါးခေါက်သံကြားလို့တံခါးဆီသို့လာကာ ညှင်သာစွာဖွင့်လိုက်တော့။
'ကို...ကို ဘာကိစ္စရှိလို့လဲ'
'မေမေက အောက်ကိုခဏဆင်းခဲ့အုံးတဲ့'
'အော်..ဟုတ်'
စတော်ဘယ်ရီသီးအင်္ကျီညအိပ်ဝတ်စုံဝတ်ထားတဲ့လူသားလေးက တကယ့်စတော်ဘယ်ရီသီးလေးအလား။ သူ့ကိုမြင်တော့ရှက်သွားတာထင်တယ်ရှပ်တက်သွားများသိသာလှသည်။
ဂျောင်ဂုလဲအသဲယားစွာ ဆံပင်းလေးတွေကိုထိုးဖွ၍စကားဆိုလိုက်တယ်။
'ကိုကို့ကလေးလေးက ကိုကို့ကိုရှက်နေတာလား'
'မ..မရှက်ပါဘူး'
အတင်းလက်ကိုဖယ်ချကာ ငြင်နေတဲ့ကောင်လေးကအတော်ရှက်နေပုံ။
YOU ARE READING
ချစ်ရပါသော ကိုကို (ခ်စ္ရပါေသာ ကိုကို)
RomanceTaekook Top-Jeon Jungkook Bottom-Kim Taehyung