အပိုင်း(၁) Unicode

276 11 0
                                    

'မာမီ'

'ရှင့်'

'တားတားကို ညီမယေးမွေးပေး'

ခြံထဲတွင်စိုက်ထားသော ကျူးလစ်ပန်းခင်းကြားကတွင် ပြေးဆော့နေသည့်ကောင်လေးက သူ့မေမေနဲ့ဖေဖေနားကိုလာကာ ညီမလေးမွေးပေးရန် ပူဆာနေလေသည်။

'သားသားက ညီမလေးလိုချင်လို့လား'

အဖေဖြစ်သူဂျွန်ဂျောင်မင် ကမေးတော့ မျက်လုံးဝိုင်းဝိုင်းလေးနှင့်ကြည့်ကာ ခေါင်းတဆက်ဆက်ငြိမ့်ပြလေသည်။ အသဲယားစွာပါးလေးကိုဆွဲဖျစ်ပြီးနမ်းရှုံ့လိုက်တော့ တဘောတကျရယ်လာလေသည်။

'သားသား လိုချင်ရင် ဒယ်ဒယ် လုပ်ပေးမှာပေါ့'

'ဟာ အကို ကလေးကိုဘာတွေပြောနေတာလဲ'

ဂျွန်ဂျောင်ဝူတစ်ယောက် အရှက်သည်းသွားသောဇနီးဖြစ်သူကိုကြည့်ပြီး ပြုံးမိသည်။

'တကယ်ယား...ဒယ်ဒယ်'

'တကယ်ပေါ့ဗျာ'

ချက်ချင်းပျော်မြူးကာ ပန်းခင်းထဲပတ်ပြေးသွားလေသည်။

'အကို ဘယ်လိုဖြစ်နေတာလဲ!'

'ဟားဟား ယွန်နာ ကရော သားသားကိုစိတ်မချမ်းသာစေချင်ဘူးလား'

'အကိုကလေ ပြောလေဆိုးလေဘဲ'

မစ္စတာ ဂျွန်ဂျောင်မင်တစ်ယောက် အိမ်သူဇနီးအား အသဲယား၍ရင်ခွင်ထဲဆွဲသွင်းလိုက်လေသည်။

အချိန်အနည်းငယ်ကုန်ဆုံးပြီးသည့်နောက်။

'အုဝဲ..အုဝဲ...အုဝဲ'

ဂျွန်လင်မယားစကားပြောနေချိန်တွင် ကလေးငိုသံကြားတာကြောင့် ဂျွန်ယွန်နာမှ သူ့အမျိုးအသားအားပြောလိုက်လေသည်။

'အကို ကလေးငိုသံကြားလား'

ဇနီးဖြစ်သူအမေးကို ခေါင်းပြလေတော့ သွားကြည့်ကြမယ်ဟူ၍ အရှေ့ကထွက်သွားသော ဇနီးနောက်ကို ပြေးလိုက်ရသည်။

ခြံရှေ့ရောက်တော့...ခြင်းတောင်းလေးထဲမှ ပိတ်စအဖြူလေးတွေကြားမှာ ငိုနေသည့်ကလေးလေး။

ဂျွန်ယွန်နာ လဲကောက်ချီလိုက်လေသည်။ကလေးလေးကတစ်ကယ်ချစ်မွှေးလေးပင်။ဖြူဥနေသည့်အသားအရေ မျက်တောင်ရှည်ရှည်လေး အသဲပုံ ပုံစံနှုတ်ခမ်းလေးနှင့် ပါးဖောင်းဖောင်းလေးက မြင်သူတိုင်းချစ်မိမှာပင်။

ချစ်ရပါသော ကိုကို (ခ်စ္ရပါေသာ ကိုကို)Where stories live. Discover now