(8)

18 5 0
                                    

သတိုးသမီးလောင်းရှာဖွေခြင်း(8)

ထိုညနေခါ၌

Draco တစ်ယောက် Harry နှင့်လမ်းလျှောက်ပြီးအပြန် သူ၏အိမ်သို့မဝင်ခင် သူ၏အမေသွားနေကြဖြစ်သော ပန်းခြံတစ်ခုကိုသွားခဲ့လေသည်။

ထို့နောက်သူသည်အကြောင်းအရာတစ်ခုကို စဉ်းစားနေမိသည်။

Draco ရဲ့ ငယ်ဘဝ

Draco ဟာတစ်ဦးတည်းသောသားဖြစ်သည့်အားလျှော်စွာ အပေါင်းအသင်းအလွန်မတ်၏။ ထို့ကြောင့် သူသည်အမြဲလိုလိုပင်တွေ့သူတိုင်းနှင့် မိတ်ဖွဲ့လေသည်။ သူ့တွင်အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ရှိလေသည်။ ထို့သူတို့မှာ Blaise Zabini နှင့် Pansy Parkinson တို့ပင်ဖြစ်လေသည်။

တစ်နေ့ Draco တစ်ယောက်သူ၏အဖော်များနှင့် တောထဲတွင်ကစားနေခိုက် ရုတ်တရက် တွင်းနက်တစ်ခုထဲသို ကျသွားလေတော့သည်။ ထို့ကြောင့် Draco တစ်တယာက်အော်၍အကူအညီတောင်းလေရာ သူ၏ကစားဖော်များမှတစ်ယောက်တစ်လေတောင် Draco အားကယ်ပေးဖော်မရချေ။ ထိုအချိန်မှာပင် ခြေသံများနှင့်စကားပြောသံများ တဖြည်းဖြည်းနှင့်နီးကယ်လာသည်ကို Draco သတိထားမိတယ်။ သူတို့ပြောနေတဲ့အကြောင်းအရာကြောင့် Draco တစ်ယောက်ကြက်သိမ်းထသွားစေခဲ့တယ်။ သူတို့က Hunter Nun တွေဖြစ်ကြတယ်။ အများစုကလည်း "ငါကြောက်တယ်" နှင့် "ငါတို့ သူတို့ကိုချနိုင်မှာမဟုတ်ဘူး ပြေးကြရအောင်" တို့ဖြစ်တယ်။ ကလေးတွေလည်း Draco ကိုနောက်ပြန်လှည့်မကြည့်ဘဲ ပြေးကြတော့တယ်။ ဒါပေမယ့် သူရဲ့အခင်ဆုံးသူငယ်ချင်း နှစ်ယောက်ထဲမှတစ်ယောက်ကတော့ နေခဲ့ တယ်။ ပြီးတော့ Blaise ကသူ့အဖေကိုသွားခေါ်နေကြောင်းရှင်းပြနေတယ်။ ပြီးတော့ Pansy က Draco ကိုသူကိုယ်တိုင်ကယ်ဖို့ကြိုးစာခဲ့တယ်။ ကံမကောင်းစွာနဲ့သူပါ တွင်းထဲပြုတ်ကျသွားတယ်။ Pansy နဲ့ Draco လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အကျယ်ကြီးရယ်ပြီး Hunter Nun တွေကို သတိပေးသလိုဖြစ်မသွားအောင် မနည်းထိန်းနေရတယ်။ ခဏအကြာမှာ Draco အဖေရောက်လာခဲ့တယ်။ ထိုအချိန်မှာပင် Hunter Nun တွေလည်း သူတို့ရှိနေတဲ့နေရာသိုရောက်လာခဲ့တယ်။ Draco နဲ့ Pansy ကတော့ တွင်းထဲ မှာရှိနေတဲ့အတွက် အပေါ်မှာဘာဖြစ်သွားမှန်းမသိပေ။ သို့ပေမယ့် အော်သံတွေ တစ်မိနစ်နှစ်မိနစ်ဘလာက်ကြားပြီး ရပ်သွားလေသည်။ သူငယ်ချင်းနှစ်ယောက်ကတော့ အရင်တုန်းကရီချင်စိတ်တွေပျောက်ပြီး ကြောက်စိတ်များဝင်လာတော့သည်။ ခဏအကြာမှာတော့ Draco ရဲ့အဖေသူတို့နှစ်ယောက်ကိုတွင်းထဲက ထုတ်ပေးလိုက်တော့တယ်။ Draco အဖေကသူ့ကိုဂရုစိုက်ကြောင်းသိပ်မပြပေမယ် အခုအချိန်မှာတော့ အလွန်စိတ်ပူနေပုံရသည်။


ထိုညနေခါ၌



Draco ရဲ့ ငယ်ဘဝ



"သတိုးသမီးလောင်းရှာဖွေခြင်း"Where stories live. Discover now