(13)

19 6 0
                                    

သတိုးသမီးလောင်းရှာဖွေခြင်း (13)

ရေတံခွန်၌

DracoကHarryအားချီကာရေတံခွန်  ရဲ့ကျောက်တုံးပေါ်၌ရပ်၍သူရဲ့လက်မှရုန်း​နေသောHarryအား"မင်း..ကျေးဇူးပြုပေးငြိမ်ပေးလို့ရမလား မဟုတ်ရင် ငါတို့နှစ်ယောက်လုံပြုတ်ကျနိုင်တယ်”ဟုစိုးရိမ်စွာပြောလိုက်လေသည်။
သို့သော်Harryမှာ အစွာလေးပီပီ"ငါ မင်းကိုဘယ်မှမခေါ်သွားခိုင်းဘာဘူး မင်ဘာသာဇွတ်ခေါ်လာတာ... လွှတ်မှာသာလွှတ်စမ်းပါ”ဟုပြောလိုက်လေသည်။
Harryရှီမှဤသို့ပြောသံကြားသောအခါDracoတစ်ယောက် Devil smileပြုံးကာ"ကောင်းပါပီ အလှလေးသဘောအတိုင်းပါ...”ဘဲဆိုပီး Harryအားချီထားရာမှရေတံခွန်နားကရေကန်လေးထဲကိုလွှတ်ချလိုက်လေသည်။
Harryတစ်​​ယောက်ရေကန်ထဲကျသွားကာ
၍ခန္ဓာကိုယ်တစ်ကိုယ်လုံးစိုရွှဲသွားလေတော့သည်။
အဝတ်အစားတို့မှာပါး​ပြီးရေများစိုနေသောကြောင့်Harryရဲ့bodyကိုအထင်းသားမြင်နေရလေ၏။ရှက်လည်းရှက် စိတ်လည်းတိုနေသောHarryအားDracoပြုံးကာကြည့်​နေပြီး
သူ၏မျက်စိတို့မှာHarryရှီကမခွာနိုင်ပေ။
Dracoက"Pottah...မင်းရဲ့bodyအချိုးအစားကတော်တော်လှတယ်နော်..... ”ဟုစ၍ပြောလိုက်လေသည်။ထိုသို့ပြောသံကြားသောHarryမှာDracoအား"မင်း...မင်း..ကနှာဘူးဘဲ”ဟုအော်ကာပြောလိုက်လေသည်။
ဆက်၍"ငါ..မင်းကိုအစကတည်းကမယုံခဲ့သင့်ဘူး ”ဟုDracoအားပြောသောအသံမှာအလွန်စိတ်တိုနေကြောင်းဖော်ပြနေလေသည်။ထို့ကြောင့်Dracoကသူ၏စချင်စိတ်များအားထိန်းကာ"Pottah ကိုယ်က ..မင်းကိုပျော်စေချင်လို့ ဒီကိုခေါ်လာတာပါ..ပြီးတော့မင်းကိုယ့်ရှီကရုန်းနေတာလေးကချစ်ဖို့ကောင်းလို့ မင်းကိုစလိုက်မိတာပါ.......စိတ်မဆိုးဘာနဲ့”ဟုချွဲကာပြောလိုက်လေသည်။Harryကမူသူအားချစ်ဖို့ကောင်းတယ်ဟုအပြောခံရသောကြောင့်မျက်နှာတစ်ခုလုံးနီရဲနေလေသည်။Harryရဲ့ဘဝတွင်သူ့အားဤသို့တစ်စုံတစ်ယောက်ထံမှအပြောမခံရဖူးပေ။ထို့ကြောင့်Dracoရဲ့ "မင်းလေးကချစ်ဖို့ကောင်းတယ်”ဟုပြောသောစကားကြား၍ရင်ခုန်မိနေလေသည်။ဤတွင်Harry၌အချစ်ရေးတွင်အတွေ့အကြုံမရှိသေးကြောင်းတွေ့ရလေသည်။
သူတို့နှစ်ယောက်ရဲ့ကြည်နူးဖွယ်ကောင်းသောအခိုက်အတန့်မှာလွန်တိုတောင်းလေသည်။
Harryတစ်ယောက် ရှက်စိတ်နှင့်စိတ်တိုခြင်းများရောကာDracoတွန်း၍ရေတံခွန်မှအဝေးသို့ထွက်သွားလေသည်။
Dracoတစ်ယောက်"Pottah အဝေးကြီးမသွားနဲ့ အန္တရာယ်များ တယ်”ဟုအော်ပြောသံများမကြားလောက်အောင်Harryတစ်ယောက်ရှက်စိတ်နှင့်စိတ်တိုခြင်းများခေါင်းထဲတွင်ပြည့်နေလေသည်။ထိုသို.သတိလက်လွတ်ဖြစ်နေသောအခိုက်အတန့်တွင်မူမမြင်နိုင်သောအန္တရယ်တို့မှာပေါ်လာလေသည်။
Dracoနှင့်Harryတို့သတိမထားမိသောအချိန်၌သူတို့အားစောင့်ကြည့်နေသောDevilတစ်စုရှိနေလေသည်။ထိုDevilများကမူHarryအားလက်စားချေချင်နေကြသောDevilတစ်စုဖြစ်လေသည်။
အရင်ကာလများတွင်မူHarryနှင့်ကိစ္စမပြီးပြတ်သူများပင်ဖြစ်လေသည်။သူတို့အချိန်ကောင်းအားစောင့်နေ၍Harry၏သတိလက်လွတ်ဖြစ်နေသောအချိန်ကားသူတို့အတွက်မဟာအခွင့်အရေးဖြစ်လေသည်။
Harryတစ်ယောက်ရေတံခွန်နှင့်အဝေးသို့ထွက်ပြေးလာသော်လည်းDracoကိုခေါ်လာသော ရေမြေ အနေအထားနှင့်ပတ်ဝန်းကျင်မာ
သူနှင့်အလွန်စိမ်းနေလေသည်။
Harryတစ်ယောက် သတိပြန်ဝင်လာ၍ပတ်ဝန်းကျင်အားကြည့်လိုက်သောအခါသူနှင့်စိမ်းနေသောနေရာဖြစ်နေ၍ဆက်မပြေးဘဲသူရောက်နေသောနေရာ၌ရပ်နေလေသည်။
ရုတ်တရက်အနောက်မှထွက်လာသောအသံကြောင့်Harryတစ်ယောက် မိမိကိုယ်ကိုယ်ကာကွယ်ရန်အသင့်အနေအထားနေမိလေသည်။
ရုတ်တရက်Devil 5ယောက်လောက်ထွက်လာ၍Harryအားတစ်ပြိုင်နက်တိုက်ခိုက်ကြလေသည်။Harryအားတိုက်ခိုက်ကြသောDevilများမာထွား​ကြိုင်း၍ခန္ဓာကိုယ်တောင့်တောင့်များဖြစ်သောကြောင့်Harryတစ်ယောက်အားခြင်းမမျှ၍ထိုDevilများရဲ့ဖမ်းချုပ်ခြင်းကိုခံလိုက်ရလေသည်။
Devilနှစ်​ယောက်ကမူHarryရဲ့ပခုံးအားကိုင်ကာHarry၏လက်တစ်ဖက်တစ်ချက်အားတင်းကျပ်စွာချုပ်ထားလေသည်။
ထို့အချိန်ထိုDevilအုပ်စုရဲ့ခေါင်းဆောင်ဖြစ်သောDevilတစ်ကောင်ထွက်လာလေသည်။
ထိုDevilမှာHarryနှင့်တိုက်ခိုက်သောDevilများကဲ့သို့ထွားထွားကြိုင်းကြိုင်းမဟုတ်သော်လည်း
သူ့တွင်အလွန်ဆွဲဆောင်မှုရှိသောမျက်ဝန်းနှင့်
သူ၏လှပသောမျက်နှာနှင့်ပင်မလိုက်သောကောက်ကျစ်သောစိတ်ထားရှိလေသည်။

"သတိုးသမီးလောင်းရှာဖွေခြင်း"Where stories live. Discover now