သတိုးသမီးလောင်းရှာဖွေခြင်း ( 10)
Draco အိမ်ပြန်ရောက်သောအချိန်မှာ သူ့အဖေ Lucius မှာ သူ့အားတစ်ချက်တောင်မကြည့်ပါ။ သားအဖနှစ်ယောက်ရဲ့ဆက်ဆံရေးမှာ Narcissa မရှိတော့ချိန်မှခုထိ အေးစက်လှလေသည်။ Draco တစ်ယောက် သူ၏အခန်းထဲ၌နေ၍ သူ့အဖေသူ့အား သတို့သမီးလောင်းရှာရန်ပေးထားသောတစ်လအတွင်း Harry နှင့်သူငယ်ချင်းအဆင့်မှ တိုးရန် မည်သို့လုပ်ရမည့်အကြောင်းစဉ်းစားနေလေသည်။ သူ့အဖေ သူ့အားပေးထားသောအချိန်မှာ အလွန်တိုတောင်းနေလေသည်။ Harry အားလည်းဖိအားမပေးချင်။ Draco က သူ့အဖေနဲ့သူ့အမေရဲ့ အချစ်မရှိတဲ့ မဂ်လာပွဲမျိုးမဖြစ်စေချင်ပါ။
တစ်ဖက်မှာတော့
Harry တစ်ယောက်ပုံမှန်အတိုင်း သူ၏ ငယ်ဘဝအကြောင်း အိမ်မက်မက်လေသည်။ အိမ်မက်ထက်စာလျှင် အိမ်မက်ဆိုး ဆိုလျှင်ပို၍သင့်တော်ပေမည်။ သူ၏အိမ်မက်ထဲတွင် ညကောင်းကင်ကြီးတစ်ခုလုံး အနီရောင်သမ်းကာ ပတ်ဝန်းကျင်တစ်ခုလုံးက သူပုံပြင်ထဲမှာဖတ်ဖူးခဲ့တဲ့ ငရဲခန်းကို အပြင်မှာတွေ့လိုက်ရသလိုပင်။ ဒါပေမယ့် Harry လေးအတွက်တော့ တကယ့်ငရဲလိုပါဘဲ။ သူကြီးပြင်းလာခဲ့တဲ့မြို့ကလေးဟာ သွေးများချောင်းစီးသကဲ့သိုစီးနေကာ ကလေးများရဲ့ငိုကျွေးသံများနှင့် သွေးအိုင်ထဲတွင်ပုံနေသော လောင်းများကြားထဲမှာ Harry တစ်ေယာက် သူ့ရဲ့မိဘတွေကို ထရန်နှင့် မနောက်ကောင်းကြောင်း ငိုကာတောင်းပန်နေလေသည်။ ထိုအချိန်မှာပင် သူ၏ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှောင်သွားခဲ့တယ်။ "သူတို့က မင်းကြောင့်သေသွားခဲ့တာ" "မ-မဟုတ်ဘူး!!" "မင်းအခုထိမင်းအပြစ်လို့မဝင်ခံသေးဘူးလား....သနားစရာပဲ။ မင်းကြောင့်သာမဟုတ်ရင်သူတို့အသက်ရှင်ဦးမှာ။" "ပါးစပ်ပိတ်တော့!!!!!"
.
.
.
Harry တစ်ယောက်အပြင်သို့လမ်းထွက်လျှောက် နေမိသည်။ သူ့ရဲ့အိမ်မက်ဆိုးမှနိုးထ လာပြီး Harry ပြန်မအိပ်နိုင်ချေ။
(Harry's pov)'ခုတလောဘာလို့ အိမ်မက်ဆိုးတွေမက်နေလဲမသိဘူး' ဟု Harry တစ်ယောက်တွေးကာ Church ကျောင်းထဲသို့ဝင်လာလေသည်။ ထို့နောက် ဘုရားသခင်အား ရန်သူများကိုသုတ်သင်ရန် ခွန်အားများပေသနားရန် ဆုတောင်းနေလေသည်။ ထိုအချိန်တွင် သူ့သူငယ်ချင်း Harmonie နဲ့ Ron တို့မှာ Harry ဘေးသို့ဝင်ထိုင်လေသည်။ သူတို့နှစ်ယောက်ကလည်း Demon တွေကို လိုက်လံရှင်းလင်းတယ်ဆိုပေမယ့် Harmonie ကသူတို့အားခြေရာခံတာ၍သူတို့ရဲ့အားနည်းချက်တွေနဲ့ Demon တွေအကြောင်းတွေကို ပြုစုရတဲ့သူဖြစ်တယ်။ Ron ကတော့ Church ကျောင်းမှာ Harmonie ကိုကူညီရင်ကူညီ မကူညီရင် Church ကျောင်းပတ်ပတ်လည်မှာ အကွာအကွယ်တွေလိုက်စစ် ပြီးပြန်ပြင်တာတွေလုပ်ရတယ်။ Ron ကတော့ အထူး Church ကျောင်းမှာကြီးပြင်းလာတာမဟုတ်ပေ။ တစ်နေ့ Devil တစ်ကောင် သူ့ဝိဉာဏ်ကိုစားခံနီးမှာ Harry နဲ့ Harmonie ကယ်လိုက်ပြီးကတည်းက သူတို့နှစ်ယောက်ကို လိုက်ပြီးကူညီပေးနေတာဖြစ်တယ်လေ။
![](https://img.wattpad.com/cover/337463720-288-k386043.jpg)
YOU ARE READING
"သတိုးသမီးလောင်းရှာဖွေခြင်း"
Fantasyဇာတ်လမ်းကတော့ Devil prince Draco နဲ့ ဘုရားသခင်ကိုသက်ဝင်ယုံကြည်ကာ နတ်ဆိုးများအား သုတ်သင်နေသောHarryဆိုတဲ့ကောင်လေးတစ်ယောက် တို့ဘယ်လိုတိုက်ခိုက်ရင်နဲ့ romanceလေးဖြစ်သွားမလဲ။ Dracoရဲ့အဖေကရောသူ့သားကိုHarryလိုနတ်ဆိုးသုတ်သင်သူနဲ့လက်ခံပေးမလား ဆိုတာကို မင်မ...