(20)

64 7 0
                                    

သတိုးသမီးေလာင်းရှာေဖွခြင်း-(20)

3နှစ် အချိန်အားဖြင့်3နှစ်ကြာခဲ့ပြီလေ။ Dracoတစ်ယောက်Harryရှေ့မရောက်လာခဲ့သောအချိန်မှာဒီရက်နဲ့ဆို3နှစ်ပင်ပြည့်ခဲ့ပြီ။ Harryတစ်ယောက်ထိုသို့ကြာရှည်လှသောကာလအားမည်သို့ဖြတ်သန်းခဲ့ရသည်ကိုသူသာလျှင်အသိဆုံးပင်ဖြစ်မည်။ Dracoနှင့်သူနောက်ဆုံးတွေ့ခဲ့သည်မှာတောထဲရှိေရတံခွန်ကြီးပေါ်တွင်သာဖြစ်သည်။ Dracoဘက်မှသံယောဇဥ်ကြိုးဖြင့်စတင်ချည်နှောင်သော်လည်းယခုထိုသံယောဇဥ်ကြိုးများနှင့်ချည်နှောင်ခံရသူမှာHarryပင်။

Dracoဘက်မှစတင်ချည်းကပ်ခဲ့သော်လည်းHarryတစ်ယောက်တွန်းထုတ်ခဲ့မိသည်။ အကြောင်းအရင်းမှာ ခုကဲ့သို့သံယောဇဥ်မတွယ်ခြင်သောကြောင့်ပင်။ ချစ်သူနှစ်ဦးတွင်စတင်ခွဲခွာသူ၏ခံစားချက်

မှာမည်သို့မည်ပုံဖြစ်မည်ကိုမတွေးကြည့်တက်သော်လည်းကျန်ရစ်ခဲ့သူမှာ

မျှော်လင့်ချက်၊သံယောဇဥ်တို့ကပ်ငြိကာ သိမ်ငယ်စိတ်၊အထီးကျန်စိတ်များနှင့်ကျန်ရစ်နေရသည်မှာသဘာ၀ပင်လား။ Dracoနှင့်သူ၏ဆက်ဆံရေးမှာသူငယ်ချင်းအဆင့်လည်းမဟုတ်ချစ်သူအဆင့်ထိလည်းမဟုတ်ခဲ့သောကြောင့်Harryတွေးမိတိုင်းရီရခတ်ငိုရခတ်ရလေသည်။

Harryတစ်ယောက်ယခုအချိန်ထိအိမ်မက်ဆိုးများမက်နေဆဲပင်။ မှောင်မိုက်သောညများတွင်မက်လေ့ရှိသောအိမ်မက်ဆိုးများမှာHarryအားနှိပ်စက်နေသကဲ့သို့ပင်ရှိတော့သည်။

"အား.....မလုပ်ပါနဲ့..Draco..ငါ့ကိုမထားသွားပါနဲ့" အော်သံနှင့်အတူHarryတစ်ယောက်ချွေးဇောများပျံကာလန့်နိုးလာခဲ့သည်။
"ဟား.....ငါအိမ်မက်ဆိုးတွေမတ်ပြန်ပြီ"ထိုအိမ်မက်ဆိုးများကြားHarryတစ်ယောက်ခုထိရုန်းမထွက်နိုင်သေး။

.
.
.
.
.
.
.
.
."3နှစ်တောင်ကြာခဲ့ပြီဘဲ"

"မောင်....ဘာလုပ်နေတာလဲ..မအိပ်သေးဘူးလား"

"...မအိပ်သေးဘူး"

"ဒါဆိုချစ်အရင်အိပ်တော့မယ်နော်"

ထိုမိန်းကလေး၏အသံကိုကြားသော်လည်း ထိုမိန်းကလေးအားလှည့်မကြည့်ဘဲ တိုးတောင်းသောအဖြေများသာပေးခဲ့သည်။

"သတိုးသမီးလောင်းရှာဖွေခြင်း"Место, где живут истории. Откройте их для себя