(19)
25 5 0
သတိုးသမီးလောင်းရှာဖွေခြင်း Episode-(19)
"ဖေဖေ.....ကျွန်တော့်ကိုခေါ်ခိုင်းလိုက်တယ်ဆို ဘာကိစ္စလဲ?"
Dracoတစ်ယောက်အပေါ်ထပ်မှဆင်းလာကာဧည့်ခန်းသို့၀င်ဝင်ခြင်းမေးသောစကားပင်။
"Draco......ငါမင်းကိုအချိန်ပေးထားတာတော်တော်ကြာနေပြီ..."
ဒေါသသံမပါဘဲပြောသောDraco၏အဖေ(Lucius)ကိုကြည့်ပြီးDracoတစ်ယောက်မှင်သက်မိလေသည်။
"ငါမင်းကိုအချိန်၅လတောင်ပေးထားပြီးပြီလေ......အဲ့တာတောင်အချိန်
လိုနေသေးတာလား"
ဟုတ်ပါတယ်။Dracoအဖေမှာအချိန်5လတိတိပေးခဲ့ပြီးပြီလေ။
သူ့အဖေပေးခဲ့သောအချိန်တစ်လမှာမူDracoတစ်ယောက်Churchကျောင်းမှHarryထွက်လာသည့်အထိစောင့်လိုက်သောအချိန်ကပင်ကုန်ဆုံးခဲ့လေသည်။
ထိုအရာကိုDracoတစ်ယောက်သတိထားမိပုံမပေါ်ချေ။
"ငါ......မင်းကိုလွတ်လပ်ခွင့်အပြည့်ပေးထားတာကြာပြီ ငါ့ကိုစိတ်ကုန်အောင်မလုပ်နဲ့"
"ဖေဖေ....အကယ်၍အဲ့သတိုးသမီးလောင်းကယောက်ျားလေးတစ်ယောက်ဖြစ်မယ်ဆိုရင်ရောဖေဖေအဆင်ပြေနိုင်လား.."
ရုတ်တရက်ပြောလာသောသားဖြစ်သူDracoရဲ့စကားကြောင့်Luciusကြက်သေသေနေမိသည်။
"ငါ့ကိုမရွဲ့စမ်းနဲ့Draco မင်းကတစ်ချိန်ချိန်မှာLord of the Devilဖြစ်လာမဲ့သူဘဲ မင်းဘာသာအဲ့ကိစ္စကို မလုပ်နိုင်ရင်ငါကိုယ်တိုင်စီစဥ်ပေးမယ်လို့ပြောပြီးသားဘဲ"
"ရတယ်အဖေ ကျွန်တော့်ဘာသာကြည့်စီစဥ်မယ် ပြီးတော့အဖေ့ကိုခုနကပြောတဲ့စကားကရွဲ့နေတာမဟုတ်ဘူး ကျွန်တော့မှာလည်းသဘောကျနေတဲ့သူရှိပြီးသား"
"Ha....Haa..မင်းကသဘောကျတယ်ထား ဟိုဘက်ကရော မင်းပေါ်ဘာခံစားချက်ရှိမှာမို့လို့လဲ ပြီးတော့ပေးထားတဲ့ငါးလမှာ သဘောကျနေတဲ့အဆင့်ဘဲရှိသေးတာလား။Dracoငါ့ကိုအကြာကြီးစောင့်ရအောင်မလုပ်နဲ့
နောက်တစ်ကြိမ်သတိပေးလိုက်မယ် ငါ့ရဲ့စိတ်ရှည်နိုင်စွမ်းကိုလာမစမ်းမိစေနဲ့ မင်းအမေလိုမျိုးပေါ့"
ထိုစကားကြားလိုက်ချိန်မှာDracoတစ်ယောက်ဒေါသထွက်ကာသူ့အိပ်ခန်းဖြစ်သောအပေါ်သို့ထသွားမိတော့သည်။    Dracoအိပ်ခန်းထဲရှိပြတင်းပေါက်မှမြင်ရသော အပြာရောင်နှင်းဆီဥယျာဥ်အားကြည့်ကာရေရွတ်မိသောစာကြောင်းကား
(အဖေကမေမေ့အတွက်လုပ်ပေးထားတဲ့လှောင်အိမ်ဥယာဥ်လေးပါလား........)
လိုနေသေးတာလား"
"သတိုးသမီးလောင်းရှာဖွေခြင်း"Where stories live. Discover now