Part-5

3.4K 68 1
                                    

အပိုင်း-၅

ကိုကိုးတို့ဘောလီဘောကလပ်ကို ငွေကြေးအခက်အခဲကြားက ကယ်တင်ရှင်ဖြစ်တဲ့ မင်းထရိတ်ဒင်းရဲ့ founder ဦးမင်းဂေါင်လာမယ်ဆိုလို့ ကစားသမားနည်းပြအားလံုး ကိုကိုးတို့ Bravo girl ဘောလီဘော
ကလပ်မှာ လူစံုရှိနေကြသည်။ဦးမင်းဂေါင်
ရောက်လာကာ ဆရာ ရန်နိုင်ကော ဆရာ့ဖေဖေတို့နဲ့စကားပြောကာ ကစားသမားများနဲ့မိတ်ဆက်ကာ
ဦးမင်းဂေါင်က

"ခလေးတွေအခုလာမယ့် ကလပ်ပေါင်းစံုပွဲမှာရွှေရအောင်ယူနိုင်ရင် ကစားသမားတွေကိုထိုက်ထိုက်တန်တန် ဆုချီးမြှင့်မှာ မို့ ရေကုန်ရေခန်းကစားကြပါ ဒီပွဲမှာနိုင်ရင် နိုင်ငံခြား အပျော်တမ်းကလပ်ပွဲတွေဆီ
ဝင်ဆံ့အောင် ဦးကထောက်ပံ့ပေးမယ် ဒီကလပ်ကို ဦးကနောက်ကနေထောင်ပံ့ပီးတကယ် စီမံခန့်ခွဲမှာက ဦးရဲ့မြေး  ဦးတို့မင်း groupရဲ့ ceoထွဋ်ခေါင်မင်းပဲ သူခုအလုပ်တအားများနေလို့ အဲ့တော့ ဦးတို့ဘက်က အစွမ်းကုန်ထောက်ပံ့မယ် ကစားသမားတွေကလဲ
အစွမ်းကုန်ကြိုးစာရရင် Bravo girlဟာနာမည်ကြီးအသင်းဖြစ်ကိုဖြစ်လာစေရမယ် ကဲသမီးတို့ကကော
လုပ်နိုင်မလား"

ကိုကိုးတို့တဖွဲ့လံုးပျော်ရွှင်စွာ

"လုပ်နိုင်ပါတယ်"

"အေး အသံတွေကတော့ အားရစရာကြီး ကဲ ခလေးတွေကိုမုန့်ဖိုးဆရာရန်နိုင့်ဆီပေးထားတယ် နော်"

ဆိုကာ ဦးမင်းဂေါင်ပြန်သွားတော့ ကိုကိုးတို့တွေမုန့်ဖိုးတယောက် ဆယ်သိန်းဆီရတာမို့ပျော်နေတုန်း ဆရာ
ရန်နိုင်က

"အားလံုး မုန့်ဖိုးယူပီးရင် မနက်ဖန်ကစပီး training dayတိုးတယ် တပါတ်၆ရက် တနင်းဂနွေတရက်ပဲနားတယ်"

"ဟာ"
ဆိုဝိုင်းအော်တော့

"ဟဲ့နင်တို့ပွဲနီးနေပီလေ"

ဆိုကာ ထိုရက်မှစပီး ကိုကိုးတို့တဖွဲ့လံုးတပါတ်၆ရက် trainingဆင်းတာမို့ ကိုကိုးမှာ တနင်းဂနွေဆို မနက်၁၀နာရီမှထ တနေ့လံုးအိမ်တွင်းအောင်းနဲ့ ၂လကျော်အကြာမှာတော့ပြိုင်ပွဲရက်ရောက်လာခဲ့သည်။ကိုကိုးတို့ အုပ်စုပွဲမှာလဲ ပထမနဲ့တက်လာကာ
တဖြည်းဖြည်းနဲဆီမီးဖိုင်နယ်ရောက်လာသည်။

အချစ်ရဲ့စေစားရာWhere stories live. Discover now