အပိုင်း-၃၂
ကိုကိုးသပြေ့ကိုခေါ်ကာပြန်လာခဲ့သည်။လမ်းမှာကား
ရပ်ကာ သပြေကိုငိုရင်းပြောပြတော့ သပြေက"ငါတို့ကူပြောပေးမယ်လေ"
"မရတော့ဘူးသပြေ ဦးရင်ထဲမှာ ငါ့ကိုမိန်မပျက်လို့စွဲနေပီမို့ နင်ပြော လို့ ပြန်လက်ခံလဲ အဆင်ပြေမှာ
မဟုတ်တော့ဘူး အဲ့ခါကျရင်ငါ့ခလေးလေးကလဲငါ့လိုပဲဖြစ်တော့မှာ ငါ ဦးနဲ့ခလေးမှာ ငါ့ခလေးလေးကိုပဲရွေးလိုက်ပီ""နင်ဘာဆက်လုပ်မှာလဲ"
"ငါ ငါစဉ်းစားအံုးမယ် နင်ဒီညငါနဲ့အိပ်ပါလား"
"အင်းပါငါနင်နားပဲနေပေးမှာ"
ထိုညက ကိုကိုးအိပ်မပျော်ပေမဲ့ ခလေးလေးအတွက်မကောင်းဘူးဆိုပီးသပြေပြောတာမို့ အတင်း
အိပ်ပျော်အောင်အိပ်ရတော့သည်။မနက်နိုးတော့
ခေါင်းနဲနဲအေးသွားတော့ တမနက်လံုးဘာလုပ်ရမလဲစဉ်းစားတာနေ့လည်လောက်မှာအဖြေရသွားသည်။သပြေ့ကို ပြောပြတော့သပြေကလက်မခံချင်ပေမဲ့နောက်ဆံုးမှာတော့ ဘယ်ရောက်ရောက်သူ့ကိုဆက်သွယ်ပါ့မယ်ဆိုတဲ့ကတိနဲ့ ကိုကိုးမှာ ဦးနဲ့ရတဲ့ကိုယ်ဝန်ရှိတာကို ဘယ်သူ့ကိုမှမပြောဖို့သပြေဆီကကတိတောင်းရသ ည်။အဲ့နေ့မှာပဲ ဖေဖေ့ဆီသွားကာ ကိုကိုးမှာ တခြားသူနဲ့ရတဲ့ခလေးရှိတာမို့ ဦးလိုက်မရှာနိုင်
အောင်ဖေဖေကပဲဖွက်ထားပေးဖို့ ညာပြောရသည်။ဖေဖေကအစကသဘောမတူပေမဲ့ ကိုကိုးရဲ့"ကိုကိုးခလေးလေးကို ဒုတိယ ကိုကိုးငယ်အဖြစ်မခံ
နိုင်ဘူး"ဆိုတဲ့စကားနဲ့တင်သဘောတူကာဒီရက်ထဲနိုင်ငံခြား
ထွက်ဖို့အားချင်းစီစဉ်ရသည်။ကြီးမေကြီးကိုတော့
တပါတ်လောက်နေမှလွတ်လိုက်မယ်ဆိုတာမို့ ကိုကိုး
ဒီရက်ထဲလိုတာများကိုသပြေနဲ့အတူစီစဉ်ရသည်။သပြေက"ကိုကိုးရယ် နင်မသွားလို့မရဘူးလားနင်ဒီနိုင်ငံမှာပဲနေပါလားဟာ"
"မဖြစ်နိုင်ဘူးသပြေ ဦးကငါ့မှာခလေးရှိတယ်ဆို သူငါ့ကိုလက်ထပ်မှာ ဒါပေမဲ့သူ့စိတ်ထဲကငါ့ကို
မိန်းမပျက်လို့ ထင်တာကြီးကတော့ဖျက်မရတော့ဘူး အဲ့တော့ငါကောခလေးကောစိတ်ညစ်ရမယ်အတူတူ ငါ့ခလေးလေးကို ဦးမတွေ့နိုင်တဲ့နေရာငါ့ကိုမသိတဲ့လူတွေကြားမှာ အဖေမရှိဘူးဆိုပီးမွေးတာက
ပိုအဆင်ပြေမယ်သပြေ ငါ့ကိုနားလည်ပါဟ"
YOU ARE READING
အချစ်ရဲ့စေစားရာ
Romanceထွဋ်ခေါင်မင်း Playboyကြီးတယောက်ပါမိန်းခလေးဆို sexyကျကျ ကိတ်တဲ့မိန်းခလေးတွေနဲ့သာ တွဲတဲ့နာမည်ကြီး သူဌေးတယောက်က ငယ်သူငယ်ချင်းရဲ့အကူညီတောင်းမှုကြောင့် ထိုသူငယ်ချင်းအဖေပိုင်တဲ့ ဘောလီဘောကလပ်ကိုဝယ်ယူလိုက်ရာကနေ ဘောလီဘော အသင်းခေါင်းဆောင် ချစ်စရာ ခလေးမလေးနဲ့...