Part-31

2.9K 71 27
                                    

အပိုင်း-၃၁

ထွဋ်ခေါင်မင်း မမြင်ချင်ဆံုးမြင်ကွင်းဖြစ်တဲ့ ခလေးနဲ့ယောက်ကျားတယောက်တောင်မဟုတ်၂ယောက်ရဲ့
အိပ်ရာပေါ်ကမြင်ကွင်းကိုမြင်ရချိန်မှာတော့ မေမေနဲ့မမပြောစကားတွေပြန်ကြားယောင်ကာ ရှက်တာရော ဒေါသထွက်တာရော ပေါင်းပီး ခလေးကိုကော ထိုကောင်၂ကောင်ကိုပါသတ်မယ်ဟုတွေးကာ ခလေးနာမည်ကို ဒေါသတကြီးအော်မိသည်။

"ဦး မီးဆီဘယ် "

"ဖြန်း"

ကိုကိုး ဦးရိုက်ချက်ကြောင့် လဲကျသွားသလို ခေါင်းလဲမူးကာ နားထဲလဲဘာသံမှမကြားရတော့ပေ။

"ဟေ့ရောင် ကိုကိုးကိုဘာလုပ်တာလဲ"

ဆိုကာ ကိုကိုးအကိုကဝင်ထိုးသလို ကိုကိုးမောင်လေးကလဲ ဝင်ထိုးတာမို့ ဦးရယ် ကိုကြီးရယ်ထူထူးရယ်ထိုးနေတာကိုမြင်ပေမဲ့ကိုကိုး ဝင်မဆွဲနိုင်ပဲကြက်သေသေကာရပ်နေမိသည်။

ဒေါ်သီတာဦး တပည့်ဆီကသတင်းရလို့ ချက်ချင်း
လိုက်လာချင်းဖြစ်သည်။ကိုကိုးငယ်ကို ကောင်လေး၂ယောက်နဲ့တိုက်ခန်းထဲဝင်သွားလို့စိတ်တိုပီး
လိုက်သွားတယ်ဆိုထဲက သားဒေါသကိုသိတာမို့ လက်လွန်ခြေလွန်ဖြစ်မှာစိုးလို့ လိုက်လာမိတာမှန်သွားသည်။သားကလူကောင်ကြီးတာရော ကစားဖူးတဲ့အခံရှိတာမို့ ၂ယောက်တယောက်လံုးနေတာကို အတင်း
ဝင်ဆွဲခိုင်းရသည်။ဒါတောင်သားက၃ယောက်လံုးကိုသတ်မယ်လုပ်လို့ အမေကို ပါတခါထဲသေသွားစေ
ချင်လားဆိုငိုပြမှ လက်လျော့သွားကာ
အသာတကြည်ပြန်လိုက်လာသည်။ ကံကောင်းတာက သားအဖေနဲ့အဖိုးနယ်ဘက်ခရီးထွက်နေတာမို့ အိမ်ကိုပဲခေါ်လာလိုက်ရသည်။

လင်းမြတ်နဲ့ထူးမြတ် ကိုကိုးကို ရေတိုက် ဘာညာ
လုပ်ပေးမှ အသိပြန်ဝင်လာကာ

"ဦးရော"

"ကိုကြီး ဦးဘယ်မှာလဲ"

"ညီမလေး အဲ့ကောင်ကနင့်ဦးလား ငါတို့ရှေ့လာပီး ငါတို့ညီမကို ပါးလာချတာ ကိုကြီးသဘောမတူဘူးနော်"

"ထူးကောပဲ မမကို အဲ့လိုရိုက်တဲ့လူကို ယောက်ဖမတော်နိုင်ဘူး"

ကိုကိုး ဦးဘာဖြစ်သွားတာလဲ အတော်စဉ်းစားယူရသည်။အော် ဦးက ကိုကိုးတို့မောင်နှမကိုတမျိုးထင်သွားတာကိုးဆိုမှပြံုးတော့

အချစ်ရဲ့စေစားရာWhere stories live. Discover now