Part-24

3.1K 63 0
                                    

အပိုင်း-၂၄

ကိုကိုးဆေးရုံဆင်းပီးထဲက ဦးကအလုပ်များနေတာမို့ ညဘက်လဲ အလုပ်ကအိမ်ပါလာကာ  ကိုကိုးအိပ်မှ ဦးကအိပ်တာများနေသည်မို့ ကိုကိုးလဲမရတုစံပြောတာတွေလုပ်တတ်ဖို့လေ့လာခွင့်အချိန်တွေရနေသည်။လေ့လာတယ်ဆိုတာက googleကနေ ရှာတာမို့ videoရော စာတွေရောစံုနေအောင်ကြည့်ရင်းလေ့လာချင်းဖြစ်သည်။သူငယ်ချင်းတွေကိုလဲမေးလို့မရတာမို့ ကိုယ့်ဘာသာလေ့လာရသည်။ဒီနေ့ထရိန်နင်စောပီးတာမို့ ဦးရုံးကိုလာတော့ ကိုမောင်ဇော် လာကြိုရင်း

"ကိုမောင်ဇော် ဦးကဒီရက်ထဲအလုပ်များတယ်နော် "

"ဟုတ်တယ်မမလေး bossကနိုင်ငံခြားခရီးစဉ်လဲရှိတာကို မမလေးတို့သွားမယ့်ရက်ရွေ့တော့ အလုပ်တွေကပိုများလာတာ"

"ကိုကိုးကိုတော့ပြောတယ် ကိုကိုးတို့ဘောလီဘော
ပြိုင်ပွဲ ထိုင်းသွားပြိုင်မယ့်ရက် ဦးကစင်ကာပူမှာတဲ့"

"ဟုတ်တယ်မမလေး ခုလဲအစ ည်းဝေးခန်းထဲမှာ"

"အာ့ဆိုကိုကိုးရုံးခန်းထဲကစောင့်နေလိုက်မယ်"

ဆိုကာရုံးခန်းထဲမှာနေရင်း ဖုန်းကြည့်နေတုန်း ဦးရဲ့ရုံးအဖွဲ့ထဲကအမဝင်လာကာ

"ကိုကိုးအတွက် အအေးနဲ့မုန့်"

"အာအမရတယ် ကိုကိုး ဗိုက်မဆာပါဘူး"

"အမလေး bossလာမှ သူ့အသဲလေးကို ဘာမှကျွေးဖို့မစီစဉ်လို့ဆိုပီးအမအဆူခံနေရမယ် စားနော် ကိုကိုး
အမအလုပ်ရှိလို့ စားချင်တာ လိုချင်တာရှိရင် ခေါ်နော်"

"ဟုတ်အမ ရတယ်"

"အော် ပြောဖို့မေ့နေတာ valentine dayကချောကလက်ပေးတာ ကျေးဇူးပါနော် ကိုကိုးကျေးဇူးနဲ့အမv dayမှာ ချောကလက်ရဖူးသွားပီ"

"ရတယ်အမ"

ဆိုကာ ထိုအမထွက်သွားတော့ ကိုကိုးဖုန်းကြည့်နေ
လိုက်သည်။

ထွဋ်ခေါင်မင်း အစည်းဝေးမှာခေါင်းရှုပ်စရာတွေကြီး
ရှင်းခဲ့ရတာမို့ ကိုယ်ရဲ့ စိတ်အေးချမ်းရာလေးဆီဖုန်းဆက်မယ်လုပ်တော့ မောင်ဇော်က

"Boss မမလေးရုံးခန်းမှာရောက်နေတယ်"

"ဟာမင်းကစောစောမပြောဘူး"

အချစ်ရဲ့စေစားရာWhere stories live. Discover now