အပိုင်း-၁၉
"ကလစ်"
တံခါးဖွင့်သံကြောင့် မော့ကြည့်တော့ မေမေဖြစ်နေတာမို့
"မေမေ ဘယ်ကနေရောက်လာတာလဲ"
"သားကအိမ်ခနလာဆိုလဲရောက်မလာလို့လေ"
ဆိုပီးမေမေပြောနေတာမို့ မေမေကျေနပ်အောင် မေမေနားသွားကာထိုင်လိုက်တော့
"သားအလုပ်များနေလို့ပါ"
"ဟုတ်ပါပီ "
"ဟိုနေ့က ချောကို ပါးရိုက်လိုက်တာမေမေစိတ်ဆိုး
တယ်နော်သား""မေမေ သူကသားမိန်းခလေးကိုအရင်ရိုက်တာ"
"မေမေက မေမေ့ချွေးမကိုချောလို့ပဲသတ်မှတ်ထားတာနော်သား"
"အဲ့ဒါတော့ မရဘူးမေမေ ပေါင်းရမှာကသားမို့
သားချစ်တဲ့သူကိုပဲလက်ထပ်မှာ""သားရယ် ကောင်မလေးကသားနဲ့အသက်အရမ်းကွာတယ်"
"သားချစ်နေဖို့ကအဓိကလေ"
"သားရယ်"
"မေမေ သားကိုချစ်တယ်ဆို သားချစ်တဲ့သူကိုချစ်မပေးနိုင်ဘူးလား"
ဒေါ်သီတာသိလိုက်ပီ သားကတအားမွန်နေတာ
ဒီထက်ပြောလဲအမေကိုမုန်းတော့မှာမို့"မေမေကြိုးစားပေးပါ့မယ်"
"တကယ်လားမေမေ မေမေသူ့ကိုမြင်ရင်ချစ်မှာပါ
သားနောက်နေ့မေမေနဲ့တွေ့ပေးမယ်""မေမေ မတွေ့ချင်သေးဘူးသား သားဒီခလေးမလေးကို တနှစ်လောက်တွဲပီးသေချာပီဆိုမှမေမေတွေ့
မယ်လေ နော်သား""ဟုတ်ကဲ့ပါမေမေ"
ထွဋ်ခေါင်မင်းကတော့ မေမေခါးခါးသီးသီးဖြစ်မှာ
စိတ်ပူနေပေမဲ့ ခုလိုလိုက်လျောပေးတာလဲကျေနပ်တာမို့ မေမေကိုဖက်ကာနမ်းလိုက်သည်ဒေါ်သီတာဦးစိတ်ထဲမှာတော့ သားရဲ့ကောင်မလေးကိုမေမေက ဘယ်တော့မှလဲ တွေ့မှာမဟုတိသလို ဘယ်တော့မှလဲလက်ခံမှာမဟုတ်ဖူးမေမေကချောကိုပဲလက်ခံတာ သားနဲ့အဲ့ခလေးမလေးကိုပြတ်အောင်
ဖျက်အံုးမှာဟုတွေးနေတုန်းသားကပါးနမိးတာမို့ကျေနပ်သွားရသည်။သားနဲ့စကားခနပြောပီးတော့ သမီးချောနဲ့ချိန်းတဲ့နေရာသို့ထွက်လာလိုက်သည်။
YOU ARE READING
အချစ်ရဲ့စေစားရာ
Romanceထွဋ်ခေါင်မင်း Playboyကြီးတယောက်ပါမိန်းခလေးဆို sexyကျကျ ကိတ်တဲ့မိန်းခလေးတွေနဲ့သာ တွဲတဲ့နာမည်ကြီး သူဌေးတယောက်က ငယ်သူငယ်ချင်းရဲ့အကူညီတောင်းမှုကြောင့် ထိုသူငယ်ချင်းအဖေပိုင်တဲ့ ဘောလီဘောကလပ်ကိုဝယ်ယူလိုက်ရာကနေ ဘောလီဘော အသင်းခေါင်းဆောင် ချစ်စရာ ခလေးမလေးနဲ့...