အပိုင်း-၉
တီ တီ တီ
နိုးစက်သံကြောင့် ထွဋ်ခေါင်မင်း အိပ်ယာထကာရေချိုးခန်းထဲဝင် ရေမိုးချိုးပီး အဝတ်လဲကာဆင်းလာတော့ မေမေက
"သားရယ် ညကလဲမိုးချုပ် ခုလဲဘယ်တုန်း"
"သားချိန်းထားတာရှိလို့မေမေ"
"Breakfast မစားတော့ဘူးလား"
"ဟုတ်မေမေသားသွားပီ"
ညက သူငယ်ချင်းစိတ်ဆရာဝန်နဲ့စကားပြောရင်းအကြံရတာနဲ့ ကိုကိုးလေးကို မိဘမဲ့ဂေဟာကိုလိုက်ပြမှာမို့ ညကဖုန်းနဲ့ချိန်းထားတာမို့အပြေးသွားနေရသည်။မနေ့ကလဲတနေ့လံုး ကိုကိုလေးနဲ့နေကာ ဒီနေ့လဲနေ့တပိုင်းလောက်မို့ အလုပ်တွေကို ဖြတ်တာ မနက်၂နာရီမှအိမ်ပြန်ရောက်ကာ အခု မနက်၇နာရီထလာခဲ့သည်။ကိုကိုးလေးတို့အိမ်အောက်ရောက်တော့ ဖုန်းဆက်တော့ အပြေးရောက်လာတာမို့ ကြည့်
လိုင်တော့ မိုးပြာရောင် ပေါင်လည်လောက်ရှိတဲ့ဂါဝန်လေးနဲ့ ကားပေါ်ရောက်လာသည်။"ကိုကိုးလေး ဘာစားချင်လဲ"
"သမီးကရပါတယ် ဦးစားတာပဲစားမယ်"
"မဟုတ်ဘူးလေ ကိုကိုး ကြိုက်တာပြောတ"
"ဟင်းအင်း သမီးဘာကြိုက်မှန်းတောင်ကိုယ့်ဘာသာ မသိဘူး "
"ဒါဆိုအိမ်မှာဘာစားလဲ"
"ပံုမှန်က ကြီးကြီးကြော်ပေးတဲ့ထမင်းကြော်
ထရိန်နင်နေ့ကတော့ ပေါင်မုန့်နဲ့နွားနို့ပဲသောက်တယ် ဆရာ ကိုထက်ကတော့ အားရှိအောင်ပေါက်စီ ဘာညာဝယ်ဝယ်ကျွေးတယ်"ကိုထက်ဆိုတော့ ကိုကိုးလေးကိုကြိုက်တဲ့ဆရာမို့ နဲနဲအူတိုသွားရကာ
"နောက်ဆို ကိုယ်ပဲကိုကိုးလေးစားဖို့ဝယ်ပေးမယ်နော်"
"ဟုတ်ကဲ့ဦး
ဆိုတာမို့ ကန်တော်ကြီးစောင်းက Tom yum Khoon
ကိုသာသွားလိုက်သည်။ထိုဆိုင်မှာ dim sumရော မြန်မာအစားအစာပါရတာမို့ ကိုကိုးလေးကြိုက်တာစားဆိုပေမဲ့ ကိုကိုးလေးကမမှာတတ်ဘူးဆိုလို့ကိုယ်ကပဲမှာပေးရသည်။ကိုကိုးလေးအတွက် dim sumရော မုန့်ဟင်းခါးမှာပီးကိုယ့်အတွက် မုန့်တီသုပ်မှာလိုက်
သည်။မုန့်ရောက်လာတော့ ကိုကိုးလေးက
"ဦးစားတဲ့မုန့်တီသုပ်နဲနဲမြည့်ကြည့်ချင်လို့"
YOU ARE READING
အချစ်ရဲ့စေစားရာ
Romanceထွဋ်ခေါင်မင်း Playboyကြီးတယောက်ပါမိန်းခလေးဆို sexyကျကျ ကိတ်တဲ့မိန်းခလေးတွေနဲ့သာ တွဲတဲ့နာမည်ကြီး သူဌေးတယောက်က ငယ်သူငယ်ချင်းရဲ့အကူညီတောင်းမှုကြောင့် ထိုသူငယ်ချင်းအဖေပိုင်တဲ့ ဘောလီဘောကလပ်ကိုဝယ်ယူလိုက်ရာကနေ ဘောလီဘော အသင်းခေါင်းဆောင် ချစ်စရာ ခလေးမလေးနဲ့...