သူကျွန်မကို ကြည့်ရင်လေ
ကျွန်မကိုယ် ကျွန်မ
လောကကြီးတစ်ခုလုံးရဲ့
အတောက်ပဆုံး ကြယ်တစ်ပွင့်လိုလို
ခံစားရတယ်။သူကျွန်မကို ကြည့်ရင်လေ
ကျွန်မခန္ဓာကိုယ်တစ်ခုလုံး
ဖယောင်းရည်ပျော်သလို
နှင်းခဲတွေပျော်သလို
ပျော်ကျသွားသလိုလို
ခံစားရတယ်။သူကျွန်မ လက်ကလေးကို
ကိုင်ထားပေးတယ်၊
ကျွန်မက သူ့ဘဝရဲ့ အခွင့်ထူးခံလူတစ်ဦး၊
သူကျွန်မကို မြတ်မြတ်နိုးနိုးကြည့်တယ်၊
အရူးတွေတောင် သူ့ကိုမြင်ရင်
သူကျွန်မကို ချစ်နေမှန်းသိမှာ။သူကျွန်မကို အဲ့လောက်ထိချစ်တယ်။
"အဲ့လိုမကြည့်နဲ့" ကျွန်မသူ့ကိုတားတယ်၊
"အဲ့လိုမပြုံးပြပါနဲ့" ကျွန်မသူ့ကိုတောင်းဆိုမိတယ်၊
ကျွန်မအသည်းတွေ
ပြုတ်ထွက်မတတ်
ချစ်မိလို့ပါ၊
အဲ့အကြည့်နဲ့ အဲ့အပြုံးတွေကို။သူကျွန်မကိုဖက်ထားရင်လေ
ကျွန်မ အရမ်းနွေးထွေးသလိုခံစားရတယ်။ကျွန်မကမ္ဘာကြီးက
နောက်ဆုံးတော့
နေမင်းကြီးနား ရောက်သွားသလိုလို။သူကျွန်မကိုဖက်ထားရင်လေ
တစ်သက်လုံး
မလွှတ်စေချင်လောက်အောင်
ပြန်ဆွဲဖက်ထားချင်တယ်၊
နေမင်းကိုပဲ မျက်နှာမူချင်တဲ့
နေကြာပန်းလေးလိုလို။ကျွန်မသူ့ကိုချစ်တယ်။
သူ့ဘဝရဲ့ အခွင့်ထူးခံလူတန်းစား
ဖြစ်ခွင့်ပေးတဲ့ အတွက်ကော။
ကျွန်မကို အလိုလိုက်ပြီး
သည်းခံပေးတဲ့ အတွက်ကော။
ကျွန်မသူ့ကို တန်ဖိုးမဖြတ်နိုင်လောက်အောင် မြတ်နိုးတယ်။- April 2022
YOU ARE READING
ခေတ်သစ်ကဗျာ
Poetryစည်းမျဉ်းတွေ ဘောင်တွေထဲကို ဝင်အောင်မရေးထားတဲ့ စာသားတွေကို စာတိုလို့ပဲခေါ်ရမလား ကဗျာလို့ပဲခေါ်ရမလား.... အရင်ခေတ်ကစာဆိုတွေကော စည်းမျဉ်းနဲ့ညီအောင်သီကုံးခဲ့တာလား သီကုံးရင်းနဲ့ပဲ စည်းမျဉ်းတွေထွင်ခဲ့တာများလား။ ၂၁ ရာစု ရဲ့ စာဆိုတစ်ယောက်ကပြောတယ် "ကဗျာဆိုတာ...