တောင်ပေါ်က အိမ်ဝလေးမှာ
ငါထိုင်နေမယ်။
ညစာဝယ်လာတဲ့မင်းကို ပြေးကြိုမယ်။
"အသက်ကြီးပြီ၊ မချွဲနဲ့တော့" လို့
မင်းဆူလဲ၊
မင်းပါးလေးကို နမ်းပြီး
လက်ကိုင်ထားမယ်။
"ချွဲမှာပဲ၊ မရှက်ဘူးကွာ။""ညနေလေကအေးတယ် မိန်းမရေ"
ညစာပြင်နေတဲ့ ငါ့ကို
ပါဝါလေး ပုခုံးမှာ လာခြုံပေး။
"ကျန်းမာရေး ဂရုလည်းမစိုက်ဘူး။"
ဟော၊ ဒီအဖိုးကြီး ဆူပြန်ပြီ။
မင်းရင်ခွင်ထဲ ဒီညလည်း
ခေါင်းလေးတိုးဝင်ပြီး အိပ်ဦးမယ်။
"စိတ်မဆိုးပါနဲ့၊ချစ်တယ်နော်။"-25th Jan 2024
YOU ARE READING
ခေတ်သစ်ကဗျာ
Poetryစည်းမျဉ်းတွေ ဘောင်တွေထဲကို ဝင်အောင်မရေးထားတဲ့ စာသားတွေကို စာတိုလို့ပဲခေါ်ရမလား ကဗျာလို့ပဲခေါ်ရမလား.... အရင်ခေတ်ကစာဆိုတွေကော စည်းမျဉ်းနဲ့ညီအောင်သီကုံးခဲ့တာလား သီကုံးရင်းနဲ့ပဲ စည်းမျဉ်းတွေထွင်ခဲ့တာများလား။ ၂၁ ရာစု ရဲ့ စာဆိုတစ်ယောက်ကပြောတယ် "ကဗျာဆိုတာ...