ခေတ်သစ်ကဗျာ

14 1 0
                                    

စည်းမျဉ်းတွေ ဘောင်တွေထဲကို
ဝင်အောင်မရေးထားတဲ့
စာသားတွေကို စာတိုလို့ပဲခေါ်ရမလား
ကဗျာလို့ပဲခေါ်ရမလား....

အရင်ခေတ်ကစာဆိုတွေကော
စည်းမျဉ်းနဲ့ညီအောင်သီကုံးခဲ့တာလား
သီကုံးရင်းနဲ့ပဲ
စည်းမျဉ်းတွေထွင်ခဲ့တာများလား။

၂၁ ရာစု ရဲ့
စာဆိုတစ်ယောက်ကပြောတယ်
"ကဗျာဆိုတာ
ကိုယ့်ခံစားချက်တွေကို
နှုတ်နဲ့မပြောပြနိုင်လို့
လက်နဲ့ဖော်ပြခြင်း အနုပညာတစ်ခု"တဲ့။

ခေတ်အဆက်ဆက်ရဲ့ ကဗျာတွေကလည်း
ခေတ်သစ်ကဗျာ။
ကျွန်မရေးတဲ့ စာတွေကလည်း ခေတ်သစ်ကဗျာ။

ဘောင်ဝင်ဖို့ထက်
ခံစားနိုင်ဖို့ အဓိကပဲ မဟုတ်ဘူးလား။

စာမေးပွဲဖြေနေတာမှမဟုတ်တာ၊
ကိုယ်ရေးတတ်သလိုရေးမယ်လေနော်။

- Jan 2024

- Jan 2024

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.
ခေတ်သစ်ကဗျာHikayelerin yaşadığı yer. Şimdi keşfedin