အချစ်?
"မိုးရွာနေတယ်။
ထိီးတစ်ချောင်းပဲပါတယ်။
နှစ်ယောက်မဆံ့ဘူး။
မင်းပဲဆောင်း။"အချစ်?
"ပိန်းလိုက်တာကွာ၊
ငါရှင်းပြပေးမယ်။
အတူတူစာလုပ်ရအောင်၊
ငါ့ကောင်မလေးတော်ပါတယ်ကွာ။"အချစ်?
"နိုးပြီးလား?"
"မအိပ်ရသေးဘူး။
မနက်၅နာရီ မင်းနဲ့အတူတူ
မနက်စာစားချင်လို့။"အချစ်?
"အရပ်မမှီဘူးလား၊
ငါချီထားပေးမယ်။
တစ်၊နှစ်၊သုံး၊လေး၊
ငါ့ကောင်မလေးက သန်လိုက်တာ။"အချစ်?
"တန်းစီပေးပါလား၊
ပေါင်မုန့်ဝယ်ကျွေးမယ်။
လက်နာနေလား၊
လက်အိတ်ဝယ်ပေးမယ်။"အချစ်?
"မင်းဝါးတာကြာလိုက်တာကွာ။
ငါမပြန်သေးဘူး၊
မင်းစားလို့ပြီးတာ
စောင့်နေတယ်။"အချစ်?
"ကြောက်တတ်လိုက်တာကွာ၊
လာ၊ ငါ့လက်ကိုင်ထား။"အချစ်?
"မင်းငါ့ကိုလိုက်ရှာနေတာမလား။
ငါအပေါ်ထပ်တက်ပြီးပုန်းနေတာ၊
မင်းကိုစချင်လို့။"အချစ်?
"အေးအေးဆေးဆေး
ထမင်းစားရအောင်ကွာ။
မင်းခြေထောက်လေးကို
ငါ့ပေါင်ပေါ်ချိတ်ထား။"အချစ်?
"သွား၊ ငါ့ကို အရမ်းကပ်တာပဲ။
ဝေးကနေပြေးပြီးလာဖက်ပါလား။"အချစ်?
"အရမ်းအိုက်တယ်။
ငါ့ကိုမထိနဲ့။
မင်းခဏလောက်
ဖက်တာတော့ခံမယ်။"အချစ်?
"အိပ်တော့မယ်နော်။
အင်းချစ်တယ်။"- 25 Jan 2024
VOUS LISEZ
ခေတ်သစ်ကဗျာ
Poésieစည်းမျဉ်းတွေ ဘောင်တွေထဲကို ဝင်အောင်မရေးထားတဲ့ စာသားတွေကို စာတိုလို့ပဲခေါ်ရမလား ကဗျာလို့ပဲခေါ်ရမလား.... အရင်ခေတ်ကစာဆိုတွေကော စည်းမျဉ်းနဲ့ညီအောင်သီကုံးခဲ့တာလား သီကုံးရင်းနဲ့ပဲ စည်းမျဉ်းတွေထွင်ခဲ့တာများလား။ ၂၁ ရာစု ရဲ့ စာဆိုတစ်ယောက်ကပြောတယ် "ကဗျာဆိုတာ...