စည်းမျဉ်းတွေ ဘောင်တွေထဲကို
ဝင်အောင်မရေးထားတဲ့
စာသားတွေကို စာတိုလို့ပဲခေါ်ရမလား
ကဗျာလို့ပဲခေါ်ရမလား....အရင်ခေတ်ကစာဆိုတွေကော
စည်းမျဉ်းနဲ့ညီအောင်သီကုံးခဲ့တာလား
သီကုံးရင်းနဲ့ပဲ
စည်းမျဉ်းတွေထွင်ခဲ့တာများလား။၂၁ ရာစု ရဲ့
စာဆိုတစ်ယောက်ကပြောတယ်
"ကဗျာဆိုတာ
ကိုယ့်ခံစားချက်တွေကို
နှုတ်နဲ့မပြောပြနိုင်လို့
လက်နဲ့ဖော်ပြခြင်း အနုပညာတစ်ခု"တဲ့။ခေတ်အဆက်ဆက်ရဲ့ ကဗျာတွေကလည်း
ခေတ်သစ်ကဗျာ။
ကျွန်မရေးတဲ့ စာတွေကလည်း ခေတ်သစ်ကဗျာ။ဘောင်ဝင်ဖို့ထက်
ခံစားနိုင်ဖို့ အဓိကပဲ မဟုတ်ဘူးလား။စာမေးပွဲဖြေနေတာမှမဟုတ်တာ၊
ကိုယ်ရေးတတ်သလိုရေးမယ်လေနော်။- Jan 2024
YOU ARE READING
ခေတ်သစ်ကဗျာ
Poetryစည်းမျဉ်းတွေ ဘောင်တွေထဲကို ဝင်အောင်မရေးထားတဲ့ စာသားတွေကို စာတိုလို့ပဲခေါ်ရမလား ကဗျာလို့ပဲခေါ်ရမလား.... အရင်ခေတ်ကစာဆိုတွေကော စည်းမျဉ်းနဲ့ညီအောင်သီကုံးခဲ့တာလား သီကုံးရင်းနဲ့ပဲ စည်းမျဉ်းတွေထွင်ခဲ့တာများလား။ ၂၁ ရာစု ရဲ့ စာဆိုတစ်ယောက်ကပြောတယ် "ကဗျာဆိုတာ...