ဇာတ်လမ်းအကျဥ်းချုပ်
ကမ္ဘာပျက်ကပ်ကြီးထဲ၌ သမီးငယ်လေးကို ပြုစုပျိုးထောင်ပေးသည့်ဂိမ်းကို ကစားကြည့်သည့် စရိုက်အမျိုးမျိုးနှင့် ဘစ်ဘောစ့်များစွာရှိလေ၏။
သူတို့ဟာ တစ်ယောက်တည်ရှိမှုကိုတစ်ယောက်က မသိကြပေ။
ဘစ်ဘော့စ်များဟာ သူ့တို့သမီးအပေါ် နေ့စဉ်နေ့တိုင်း ပုံအောသုံးဖြုန်းကြလေသည်။ သူတို့၏ တစ်ခုတည်းသောဆန္ဒမှာ ကမ္ဘာပျက်ကပ်အတွင်း သူတို့သမီးငယ်လေး၏ ဘဝကို အမြင့်မားဆုံးသော အရည်အသွေးများဖြင့် ဖြတ်သန်းနိုင်ရန် ဖြစ်လေ၏။
ပျန့်ပျန့်မှာ ကမ္ဘာပျက်ကပ်အတွင်း မွေးဖွားခဲ့ပြီး သက်ကြီးပိုင်းတစ်ဦးက မွေးစားခဲ့လေသည်။ ပျန့်ပျန့် ငါးနှစ်အရွယ်ရောက်သောအခါ အဘိုးအိုမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရပြီး ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲသွားလေ၏။ ထိုအခါ ပျန့်ပျန့်လေးသည် မိဘမဲ့ဖြစ်သွားပြီး နေ့စဉ်ဘဝကို စိတ်ပျက်စွာ ဖြတ်သန်းခဲ့ရလေသည်။
တစ်နေ့၌ စွမ်းရည်ရှိကစားသမားတစ်ဦးသည် လသာဆောင်ခေါင်မိုးထပ်၌ မင်းသမီးအဆောင်အယောင် အဝတ်အစားများ ဝတ်ဆင်ထားကာ ဟော့ပေါ့အား ပျော်ပျော်ရွှင်ရွှင်စားသုံးနေသည့် ကလေးမလေးကို တွေ့လိုက်ရလေသည်။
သူမ၏နောက်တွင် ဇွန်ဘီနှစ်ကောင်ရပ်နေပြီး တစ်ကောင်ချင်းစီသည် သူမအား အေးနေစေရန် ရေခဲတစ်ပန်းကန်စီ ကိုင်ဆောင်ထားလေ၏။
စွမ်းရည်ရှိ ကစားသမား - "………"
ထို့နောက် ပျန့်ပျန့်၏ မွေးမိဘများက သူမအား လိုက်ရှာခဲ့လေသည်။
ပျိုးထောင်ပေးသည့် အဖေများ - "…."
'ငါ့သမီးလေးကို လုယူရဲတာလား။ မဖြစ်နိုင်တာ….'
မကြာခင်မှာပဲ ကောင်းကင်ကြီးမှာ ပြောင်းလဲသွားလေ၏။ တိမ်မည်းများသည် တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ယံ၌ နဂါးအစစ်များ ကူးခတ်နေလေသည်။
ရှင်သန်သူအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေပြီး ပျန့်ပျန့်သာလျှင် ပျော်ရွှင်စွာ ပြောလာလေသည်။ "ပျန့်ပျန့်ရဲ့ဖေဖေတွေ လာခေါ်ကြပြီဟေး….."
အားလုံး - "……"
'အဖေတွေက ဘာလို့အများကြီး ဖြစ်နေရတာလဲ။'
....
ဇာတ္လမ္းအက်ဥ္းခ်ဳပ္
ကမၻာပ်က္ကပ္ႀကီးထဲ၌ သမီးငယ္ေလးကို ျပဳစုပ်ိဳးေထာင္ေပးသည့္ဂိမ္းကို ကစားၾကည့္သည့္ စရိုက္အမ်ိဳးမ်ိဳးႏွင့္ ဘစ္ေဘာစ့္မ်ားစြာရွိေလ၏။
သူတို႔ဟာ တစ္ေယာက္တည္ရွိမႈကိုတစ္ေယာက္က မသိၾကေပ။
ဘစ္ေဘာ့စ္မ်ားဟာ သူ႕တို႔သမီးအေပၚ ေန႕စဥ္ေန႕တိုင္း ပုံေအာသုံးျဖဳန္းၾကေလသည္။ သူတို႔၏ တစ္ခုတည္းေသာဆႏၵမွာ ကမၻာပ်က္ကပ္အတြင္း သူတို႔သမီးငယ္ေလး၏ ဘဝကို အျမင့္မားဆုံးေသာ အရည္အေသြးမ်ားျဖင့္ ျဖတ္သန္းနိုင္ရန္ ျဖစ္ေလ၏။
ပ်န့္ပ်န့္မွာ ကမၻာပ်က္ကပ္အတြင္း ေမြးဖြားခဲ့ၿပီး သက္ႀကီးပိုင္းတစ္ဦးက ေမြးစားခဲ့ေလသည္။ ပ်န့္ပ်န့္ ငါးႏွစ္အ႐ြယ္ေရာက္ေသာအခါ အဘိုးအိုမွာ ဗိုင္းရပ္စ္ပိုးကူးစက္ခံခဲ့ရၿပီး ဇြန္ဘီတစ္ေကာင္အျဖစ္ ေျပာင္းလဲသြားေလ၏။ ထိုအခါ ပ်န့္ပ်န့္ေလးသည္ မိဘမဲ့ျဖစ္သြားၿပီး ေန႕စဥ္ဘဝကို စိတ္ပ်က္စြာ ျဖတ္သန္းခဲ့ရေလသည္။
တစ္ေန႕၌ စြမ္းရည္ရွိကစားသမားတစ္ဦးသည္ လသာေဆာင္ေခါင္မိုးထပ္၌ မင္းသမီးအေဆာင္အေယာင္ အဝတ္အစားမ်ား ဝတ္ဆင္ထားကာ ေဟာ့ေပါ့အား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္စားသုံးေနသည့္ ကေလးမေလးကို ေတြ႕လိုက္ရေလသည္။
သူမ၏ေနာက္တြင္ ဇြန္ဘီႏွစ္ေကာင္ရပ္ေနၿပီး တစ္ေကာင္ခ်င္းစီသည္ သူမအား ေအးေနေစရန္ ေရခဲတစ္ပန္းကန္စီ ကိုင္ေဆာင္ထားေလ၏။
စြမ္းရည္ရွိ ကစားသမား - ""
ထို႔ေနာက္ ပ်န့္ပ်န့္၏ ေမြးမိဘမ်ားက သူမအား လိုက္ရွာခဲ့ေလသည္။
ပ်ိဳးေထာင္ေပးသည့္ အေဖမ်ား - "."
'ငါ့သမီးေလးကို လုယူရဲတာလား။ မျဖစ္နိုင္တာ.'
မၾကာခင္မွာပဲ ေကာင္းကင္ႀကီးမွာ ေျပာင္းလဲသြားေလ၏။ တိမ္မည္းမ်ားသည္ တစ္ကမၻာလုံးကို ဖုံးလႊမ္းသြားၿပီး ေကာင္းကင္ယံ၌ နဂါးအစစ္မ်ား ကူးခတ္ေနေလသည္။
ရွင္သန္သူအားလုံးမွာ ေၾကာက္႐ြံ႕တုန္လႈပ္ေနၿပီး ပ်န့္ပ်န့္သာလွ်င္ ေပ်ာ္႐ႊင္စြာ ေျပာလာေလသည္။ "ပ်န့္ပ်န့္ရဲ႕ေဖေဖေတြ လာေခၚၾကၿပီေဟး.."
အားလုံး - ""
'အေဖေတြက ဘာလို႔အမ်ားႀကီး ျဖစ္ေနရတာလဲ။'
....
YOU ARE READING
ဘစ်ဘောစ့်တွေရဲ့ ပြုစုပျိုးထောင်ခြင်းကိုခံရသော သမီးငယ်လေး
Romanceအရမ်းကိုမိမိုက်လွန်းလှတဲ့ ဘစ်ဘောစ့်ဖေဖေများနှင့် ချစ်စဖွယ် ငါးနှစ်အရွယ် သမီးငယ်လေး Zombie apocalypse