အခန်း ၂ ။

784 101 8
                                    

အပိုင်း (၂)

ရွှီကျင်းသည် ရေချိုးရင်း ဂိမ်းကစားရသည်ကို သဘောကျသူ ဖြစ်သည်။ ၎င်းသည် သူ့အတွက် အကျင့်တစ်ခုလိုပင် ဖြစ်နေလေ၏။ ယနေ့ သူ၏ ဂိမ်းကို ဖွင့်လိုက်သောအခါ ဖန်သားပြင်ပေါ်တွင်အမည်မပါသော အိုင်ကွန်တစ်ခုကိုတွေ့ရှိခဲ့သည်။ ထိုအိုင်ကွန်လေးမှာ ချစ်စရာမျက်နှာလေးနဲ့ ကလေးမလေးပုံဖြစ်ပေ၏။

 အမျိုးသားများသည် ချစ်စရာကောင်းသော အရာများအပေါ် ခံနိုင်ရည် မရှိတတ်သည့်ထုံးစံအတိုင်းပင် ရွှီကျင်းမှာ အင်ပါယာ၏ အချမ်းသာဆုံး မင်းသားခုနစ်ယောက်ဖြစ်သည့်တိုင် ထိုချစ်စရာကောင်းမှုကို အံမတုနိုင်ခဲ့ပေ။

ထို့ကြောင့် ရွှီကျင်း အိုင်ကွန်ကိုဖွင့်ကြည့်ရာ ယင်းသည် ဂိမ်းတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ အိုင်ကွန်၌ပါသော ကလေးမလေးသည် ဂိမ်း၏ အပြင်အဆင်တစ်ခုဖြစ်သည်။

ဂိမ်းထဲသို့ဝင်သောအခါတွင် ကြီးမားသော နိဒါန်းရှည်ကြီးတစ်ခုပေါ်လာသည်။

ပျန့်ပျန့်ဟု အမည်ပေးထားသည့် ကလေးမလေးသည် မွေးပြီးပြီးချင်းမှာပဲ မိဘအရင်းဖြစ်သူက အမှိုက်ပုံးထဲကို စွန့်ပစ်ခဲ့သည်။ ကံကောင်းထောက်မစွာပင် သူမကို အဘိုးကြီး လုယုက ကောက်ယူပြီးကာ ပြုစုပျိုးထောင်ပေးခဲ့လေသည်။

လုယုသည် B-အဆင့် ရွှေစွမ်းရည်ရှိပြီး သူ၏ ခွန်အားမှာ အလွန်အားကောင်းသော်လည်း အားနည်းချက်မှာ အသက်ကြီးလာခြင်းဖြစ်သည်။ အသက်၂၀အရွယ်တွင် Bအဆင့်စွမ်းရည်ရှိလျှင်ပင် ဇရာကိုမလွန်ဆန်နိုင်သဖြင့် ခွန်အားများစွာ လျော့ကျခဲ့ရလေသည်။

လုယု၏ မူလအစီအစဉ်မှာ ပျ့န့်ပျန့်အတွက် မိသားစုကောင်းလေးတစ်ခုကို ရှာပေးပြီး သူ့နောက်ဆုံးအချိန် ရောက်လာချိန်၌ ပျန့်ပျန့်အား တစ်စုံတစ်ယောက်ထံ အပ်နှံခဲ့ချင်သည်။

သို့သော် ကမ္ဘာပျက်ကပ်အတွင်း၌ ဘာမျှမလုပ်နိုင်သေးသည့် ကလေးငယ်တစ်ယောက်ကို မည်သူက ခေါ်ဆောင်ထားချင်မည်နည်း။

လုယုသည် ထိုအကြောင်းကို တွေးကာ နည်းလမ်းကောင်းကို မစဉ်းစားနိုင်တော့ပေ။

ဘစ်ဘောစ့်တွေရဲ့ ပြုစုပျိုးထောင်ခြင်းကိုခံရသော သမီးငယ်လေးWhere stories live. Discover now