အပိုင်း(၀၂၆)
ဇွန်ဘီနှစ်ကောင်သည် အော်ဟစ်ခြင်းမှ မောပန်းလာခဲ့သည်။ အပေါ်ထပ်ရှိတစ်ကောင်က အရင်ရပ်သွားပြီး အောက်ထပ်ရှိအကောင်ကလည်း ငြိမ်သွားခဲ့သည်။
ဟုတ်ပါသည် အပေါ်ထပ်ရှိအကောင်က ထွက်လာမည် မဟုတ်သောကြောင့် သူ စိတ်ပူစရာ မလိုပေ။
ကျူယွမ်သည် ဇဝေဇဝါဖြင့် တွေးလိုက်သည်။
ငါ ဗိုက်ဆာတယ်။
၎င်းမှာ သူ၏အရိုးထဲစိမ့်ဝင်သွားစေသည့် အမျိုးအစားဖြစ်ပြီး ထိုကြောက်စရာကောင်းသည့် ဆာလောင်မှုကို ဖြည့်တင်းရန် သူ၏ပါးစပ်ထဲကို တစ်ခုခုထည့်ချင်နေခဲ့သည်။
ဇွန်ဘီများသည် သံပုံးဖြင့် လမ်းတစ်လျှောက် လှည့်လည်သွားနေခဲ့သည်။ သူအဘယ့်ကြောင့် ထိုနေရာကို လျှောက်သွားနေမှန်းတောင် နားမလည်ခဲ့ပေ။ သူ့ထက်အဆင့်မြင့်သည့် ဇွန်ဘီကြောင့်လော။
သူသာ ထိုအကောင်ကိုစားလိုက်လျှင် ဗိုက်မဆာတော့ဘူးလား။
သို့သော် ပြိုင်ဘက်သည် သူ့ထက် အဆင့်တစ်ဆင့်မြင့်နေဆဲဖြစ်သည်။ ၎င်းကို မှန်းဆကြည့်လိုက်လျှင် သူ စားနိုင်မည်မဟုတ်ပေ။
သူ အရင်ဆုံး စောင့်နေသင့်သည်။
ထိုအကောင်သည် သူ့ထက်အဆင့်မြင့်ပြီး ခြိမ်းခြောက်မှုမှာ အားကောင်းသော်လည်း ယခုတွင် သူသည် အလွန်အားနည်းနေပြီဟု ယောင်ဝါးဝါး ခံစားမိပေသည်။
သူ အားနည်းလာတော့မှ အပြေးသွားစားလျှင်လည်း သူဗိုက်ဆာလာတော့မည်မဟုတ်ပေ။
ထိုမတိုင်ခင် အခြားစားစရာများကို ရှာရမည်။
မှိန်းနေသောဇွန်ဘီသည် သတင်းစာတစ်စောင်ကို တက်နင်းမိသွားပြီး လှုပ်ခတ်သွားသည့်အသံက သူ့ကို ရပ်တန့်သွားစေခဲ့သည်။ ထို့နောက် သူသည် အောက်သို့ငုံ့ကြည့်လိုက်သည်။ ခဏအကြာတွင် သူသယ်လာသည့် သံပုံးကို ချလိုက်ပြီး သတင်းစာကို ခက်ခက်ခဲခဲကောက်ယူရန် ငုံ့ကိုင်းလိုက်သည်။
အဆင့်မြင့်ဇွန်ဘီများပင်လျှင် ၎င်းတို့တိုက်ခိုက်ခြင်းမနေလျှင် သာမန်ဇွန်ဘီများနှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အလွန်တောင့်တင်းပြီး ၎င်းတို့၏လုပ်ဆောင်ချက်များက နှေးကွေးပေသည်။
YOU ARE READING
ဘစ်ဘောစ့်တွေရဲ့ ပြုစုပျိုးထောင်ခြင်းကိုခံရသော သမီးငယ်လေး
Romanceအရမ်းကိုမိမိုက်လွန်းလှတဲ့ ဘစ်ဘောစ့်ဖေဖေများနှင့် ချစ်စဖွယ် ငါးနှစ်အရွယ် သမီးငယ်လေး Zombie apocalypse