အခန်း ၃ ။

692 81 3
                                    

အပိုင်း (၃)

ပျန့်ပျန့် ထိတ်လန့်သွားသည်။

သူ့မလက် တုန်ရီသွားပြီး ပေါင်မုန့်က မြေပြင်ပေါ် ပြုတ်ကျသွားသည် သူမ ထိုင်ခုံပေါ်မှ အလျင်အမြန် ခုန်ဆင်းလိုက်ပြီး မုန့်ကို တင်းတင်းကြပ်ကြပ် ကိုင်ကာ စားပွဲပေါ်ရှိ ပန်းသီးကြီးတစ်လုံးကို ကြောက်ရွံ့ထိတ်လန့်နေလျက် သိလိုသော နှလုံးသားဖြင့် ကြည့်နေလေသည်။

ပျန့်ပျန့်အရင်က ပန်းသီးစားဖူးလေသည်။ ယင်းသည် အဘိုးသူမအတွက် ပစ္စည်းဝယ်ရမှာ သုံးခဲ့ဖူးပြီး သူမမှာလည်း ပန်းသီးတစ်လုံးရဲ့ ပုံပန်းသဏ္ဍာန်ကို သိပေသည်။ သို့သော် သူမ၏ မှတ်ဉာဏ်ထဲတွင်မူ ပန်းသီးဟာ သေးငယ်ပြီး ပန်းသီးခွံမှာ ရှုံတွ၍ ကြည့်မလှပေ‌။

ဤမျှကြီးပြီး ကြည့်ကောင်းသည့် ပန်းသီးကိုတော့ သူမ တစ်ခါမှ မမြင်ဖူးပေ။

ဂရေးသည် စားပွဲပေါ်တွင် ရှိနေသည်။

ပျန့်ပျန့်သည် ဘယ်ညာ ကြည့်လိုက်ပြီးနောက် ပန်းသီးကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီး စားပွဲပေါ်ရှိ ဝက်ဝံရုပ်ကို ဆွဲယူရန် သတ္တိမွေးကာ ပန်းသီးအား ရုတ်တရတ် ရွေ့မသွားစေရန် သတိပြုလေသည်။

ထို့နောက် သူမသည် ဝက်ဝံလေးကို ပွေ့ဖက်ကာ နှစ်မီတာအကွာထိ ဆုတ်ခွာသွားလိုက်၏။ သို့သော် ပန်းသီးကြီးကို စိုက်ကြည့်နေဆဲဖြစ်သည်။

ပျန့်ပျန့်သည် ငယ်ရွယ်သော်လည်း သူမသည် အလွန်ပါးနပ်သည်။ တံခါးနှင့် ပြတင်းပေါက်များ အားလုံးပိတ်ထားပြီး အိမ်ထဲတွင် ပျန့်ပျန့်တစ်ယောက်တည်းသာ ရှိသည်။ သူမ တိတ်တဆိတ် မုန့်စားနေစဉ် ဘာမှ မသိသည့် ပန်းသီးအကြီးကြီး အဘယ်ကြောင့် ရုတ်တရက် ပေါ်လာရပါသနည်း။

မည်မျှပင် ခက်ခက်ခဲခဲ တွေးနေပါစေ သူမ၏ ဦးနှောက်သေးသေးလေးက နားမလည်နိုင်ပေ။

ထို့နောက် ပျန့်ပျန့်သည် လှေကားမှပြုတ်ကျစဉ်က အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားသည်။

သူမ၏ ပါးပြင်လေးများမှာ စူတူတူ ဖြစ်နေပေ၏။

"ဂရေး....ငါကြောက်တယ်။" ကလေးမလေးသည် ပန်းသီးကို အဝေးမှ မျှော်ကြည့်လိုသောကြောင့် ဝက်ဝံလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသော်လည်း စားပွဲပေါ်ရှိ ပန်းသီးအကြီးကြီးပေါ်တွင် သူမ၏ မျက်လုံးများက မခွာနိုင်ပေ။

ဘစ်ဘောစ့်တွေရဲ့ ပြုစုပျိုးထောင်ခြင်းကိုခံရသော သမီးငယ်လေးKde žijí příběhy. Začni objevovat